အချို့အချို့တွေက Single ဖြစ်ရခြင်းက အထီးကျန်ဆန်တယ် တွေးတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ မသိသေးတဲ့အချက်က တစ်ကိုယ်တည်း Single ဖြစ်ရခြင်းက ကောင်းကျိုးတွေ အများကြီးပဲရှိပါတယ်။

ကိုယ် သွားချင်တဲ့နေရာတွေကို အချိန်မရွေး စိတ်လွတ်လက်လွတ် သွားလာနိုင်ခြင်း

ချစ်သူရည်းစားရှိတဲ့သူ တစ်ယောက်အနေနဲ့ ချစ်သူကို ညနေကျရင် သူငယ်ချင်းတွေနဲ့ Bar သွားထိုင်မယ်၊ နောက်ရက်ထဲမှာ သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ရှိတယ်ဆိုပြီး ပြောကြည့်လိုက်ပါ။ ဘယ်လိုအဖြေမျိုး ပြန်ကြားရမယ်လို့ ထင်ပါသလဲ။ သူ့ဘက်က သွားခွင့်ပြုတယ်ဆိုရင်တော့မှ ကြည်ကြည်ဖြူဖြူ သွားခွင့်ပေးတာမျိုးတော့မဟုတ်ပါဘူး။

သင့်ကို စိတ်လွတ်လက်လွတ်မသွားနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘားထိုင်တယ်ဆိုရင်လည်း သင် အိမ်ပြန်မရောက်မချင်း ဖုန်းတဂွမ်ဂွမ် ဆက်နေမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့လည်း အချိန်ကြာလာတဲ့အခါ စိတ်ကျဉ်းကြပ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် သင်သည် တစ်ကိုယ်တည်း Single သမားတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်မယ်။ ဘာအနှောင်အဖွဲ့မှမရှိဘဲ သူငယ်ချင်းများနှင့်အတူ ပျော်ပါးနိုင်ခြင်းကတော့ Single တစ်ယောက်ဖြစ်ရခြင်းရဲ့ ကောင်းကျိုး တစ်ခုပဲမဟုတ်လား။

အချိန်ကုန်သက်သာခြင်း

Healthy Relationship တစ်ခု ဖန်တီးနိုင်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့လိုအပ်ပါတယ်။ ဒါဟာ စုံတွဲတိုင်းပြုလုပ်ရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးနိုင်တဲ့ စုံတွဲတွေသည် ကြာကြာမခံကြပါဘူး။

သူတို့က မနက်မိုးလင်းတာနဲ့ တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ချ် အပြန်အလှန်ပို့ရတာမျိုး၊ ဖုန်းအပြန်အလှန်ဆက်ရတာမျိုး ပြုလုပ်ရပါတယ်။ ညဘက်ဆိုရင်လည်း ညဘက်အလျောက် အချိန်ပေးကြရပြန်ပါတယ်။ စိတ်ကောက်တဲ့အချိန်မှာလည်း ပိုလို့တောင် အချိန်ပေးကာ ချော့ရပါတယ်။

ဒါပေမဲ့ Single တစ်ယောက်အတွက်ကတော့ သူတို့အချိန်ကို သူတို့ပိုင်ကြပြီး ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူကိုလည်း ချော့နေစရာမလိုပါဘူး။ ညဘက်မှာလည်း သူတို့ အိပ်ချင်တဲ့အချိန် အိပ်လိုက်ရုံပါပဲ။

ပိုက်ဆံအကုန်သက်သာခြင်း

ချစ်သူနဲ့ တစ်ခါတစ်ခါ ဒိတ်လုပ်မယ်ဆိုရင် မကုန်ဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်သောင်းခွဲလောက်ကတော့ အသာလေးပါပဲ။ ဒီကြားထဲမှာ အမှတ်တရနေ့တွေအတွက်လည်း လက်ဆောင်ဝယ်ပေးရ၊ စိတ်ကောက်တဲ့အချိန်မှာလည်း စိတ်ဆိုးပြေအောင် ချော့ရနှင့် ပိုက်ဆံအကုန်အကျ များလွန်းလှပါတယ်။

တစ်ကိုယ်တည်းဆိုရင်တော့ ကိုယ် ဘာဝယ်ချင်သလဲ။ ဝယ်ချင်တဲ့ပစ္စည်းကို အသာလေး ဝယ်လိုက်ရုံပါပဲ။ ဘယ်သူ့အတွက်မှ ပိုက်ဆံဖြုန်းနေစရာမလိုပါဘူး။ ကိုယ့်မှာ ပိုက်ဆံမရှိလို့လည်း အငြိုငြင်ခံရတာမျိုးမရှိပါဘူး။

ကိုယ့်ပိုက်ဆံကို ကိုယ့်စိတ်ကြိုက် ခြယ်လှယ်သုံးစွဲနိုင်တာကတော့ Single တစ်ယောက်ဖြစ်ရခြင်းရဲ့ အားသာချက် တစ်ခုပါပဲ။

ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခြင်း

ကိုယ့်မှာချစ်ရတဲ့ လက်တွဲဖော်တစ်ယောက်ရှိမယ်ဆိုရင် သူ နေမကောင်းဖြစ်လာခဲ့ရင်လည်း သူ့အတွက် ပူပန်ရပြန်ပါပြီ။ ကိုယ်ချစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်မေ့ပြီး အခြားသူကို ဂရုစိုက်ပေးနေရတာမဟုတ်လား။

တကယ်လို့ သင့်မှာ အခြားချစ်ရမယ့်သူမရှိဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ့်အချိန်တွေလည်း ထွက်လာမယ်။ စိတ်ပူပန်ရတာမျိုး၊ စိတ်ညစ်ရတာမျိုးလည်း မရှိတော့ ဘဝကြီးက ပျော်ရွှင်ဖွယ်အတိပါပဲ။

သူငယ်ချင်းများနဲ့ အဆက်အသွယ်မပြတ် ပေါင်းသင်းနိုင်ခြင်း

ရည်းစားတစ်ယောက်ရလာတဲ့အခါ အရင်လို ကိုယ်ကြိုက်သလို ပျော်ပါးလို့မရတာကတော့ အမှန်ပါပဲ။ ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့လည်း သွားချင်လာချင်တဲ့အခါ လွတ်လွတ်လပ်လပ်ပျော်ပါးနိုင်မှာမဟုတ်တော့ပါဘူး။

အချိန်ကြာလာတဲ့အခါ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်လာပြီး ကိုယ့်ရဲ့လှုမှုပတ်ဝန်းကျင်စက်ဝိုင်းက ကျုံ့သွားမှာပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ချစ်သူက ဟိုလူနဲ့ မပေါင်းနဲ့၊ ဒီလူနဲ့ မပေါင်းနဲ့လို့ ကန့်သတ်လာခဲ့ရင်လည်း သူတို့အလိုကျ နေပေးရပါသေးတယ်။ ဒါတွေကတော့ ရည်းစားရှိတဲ့လူတိုင်း ကြုံတွေ့ရတဲ့အချက်တစ်ခုပါပဲ။