တင်လှဖို့အတွက်၊ တင်ဆိုဒ်ပိုကြီးလာဖို့အတွက် သီးသန့် Workout လုပ်ချင်တဲ့သူများအတွက် အကောင်းဆုံး Workout 7 ခုကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအေးဆေးလုပ်လို့ရတာကြောင့် လူတိုင်းအတွက် လုပ်ရတာ အဆင်ပြေမှာပါ။

Mini Band Kickback

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ထောက်၊ ဒူးထောက်ပြီး ခြေထောက်တစ်ဖက်ကို အနောက်ဆန့်လိုက် ပြန်ကွေးလိုက်နဲ့ လုပ်ပေးရပါမယ်။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးပါ။

Alternating Reverse Lunge

ဒီ Workout လုပ်တဲ့အခါမှာတော့ အလေးတုံးကိုကိုင်ပြီး လုပ်တာက ပိုထိရောက်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာပါ။ ဒါလည်း တစ်ဖက်ကို အကြိမ် ၂၀ ၊ အကြိမ် ၃၀ စီ လုပ်ပေးပါ။

Bulgarian Split Squat

အနောက်မှာ ခုံထားပြီး ခြေထောက်တစ်ဖက်ကို ခုံပေါ်တင်ကာ ပုံမှာလုပ်ပြထားတဲ့အတိုင်း အောက်ချထားတဲ့ ခြေထောက်ကို ကွေးလိုက်၊ ပြန်ရပ်လိုက် လုပ်ပေးရမှာပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရပါမယ်။

Clam Shell

ဒီ Workout ကတော့ တင်ဘေးချိုင့်တာအတွက် အရမ်းအထောက်အကူ ပြုပါတယ်။ တင်ဘေးပြည့်လာပြီး လှပစေတဲ့အတွက် မပါမဖြစ်ပါပဲ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပြီး အကြိမ်ရေပြည့်ရင် တစ်ဖက်ကိုလှည့်ပြီး နောက်ထပ် အကြိမ် ၃၀ ထပ်လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ လုပ်ရမှာပါ။

Banded Glute Bridge

တင်ပါးအတွက်ဆိုရင် ဒီ Workout ကလည်း မပါမဖြစ်ပါပဲ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရင် ရပါပြီ။

Bodyweight Squat

Squat ထိုင်တဲ့ ဒီ Workout ကိုတော့ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Curtsy Lunge

နောက်ဆုံး Workout ကတော့ Curtsy Lunge လို့ခေါ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်အနေအထားကို သေချာမှန်အောင် လုပ်ပေးပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀၊ ၃၀ လောက် လုပ်ပေးပါ။