မိန်းကလေးတွေကတော့ သူတို့ရဲ့အပြုအမူဟာ ဘာမှထူးထူးဆန်းဆန်းမရှိဘူးလို့ထင်ပေမယ့် ယောက်ျားလေးတော်တော်များများကတော့ သူတို့လုပ်နေတာကို နားမလည်နိုင်ကြဘူး။ မေးလည်းမမေးရဲကြဘူး။ သန့်ရှင်းခန်းကို အုပ်စုလိုက်သွားကြတာ (သို့) မိတ်ကပ်လိမ်းခြင်း ရှိမရှိ စသည့်အချက်တွေက ယောက်ျားလေးတွေအတွက် ထူးဆန်းနေပါတယ်။
မိတ်ကပ်လိမ်းဖို့ အချိန်တွေအများကြီးသုံးကြသလဲ
မိန်းကလေးတော်တော်များများမှာ အလှပြင်ပစ္စည်းတွေ အများကြီးရှိကြတယ်။ ဆွဲဆောင်မူရှိစေဖို့နဲ့ရှိရင်းစွဲထက် အသက်ပိုငယ်သွားတယ်ထင်ရအောင် မိတ်ကပ်တွေ လိမ်းကြတယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ မိတ်ကပ်လိမ်းနည်း အဆင့်အဆင့်ကို မသိကြပါဘူး။ သူတို့မှာ မိတ်ကပ်လိမ်းနည်း ပျမ်းမျှအားဖြင့် အဆင့် (၃) ဆင့်ရှိကြတယ်။
တစ်ဆင့်ခြင်းက အချိန်ယူရတယ်။ မိန်းကလေးတွေလည်း မိတ်ကပ်လိမ်းဖို့ အချိန်တွေအများကြီး မပေးချင်ကြပါဘူး။ ဒါပေမယ့် မိတ်ကပ်ကို ဒီအတိုင်းလိမ်းလို့မရတာကြောင့် သူတို့မှာ နာရီဝက် တစ်နာရီနီးပါး မှန်တင်ခုံရှေ့မှာ ထိုင်နေကြရတာပါ။
ပွေ့ဖက်ခြင်းက ဘာလို့သူတို့ကို စိတ်ချမ်းသာစေသလဲ
မိန်းကလေးတော်တော်များများက ပွေ့ဖက်ခြင်းကို နှစ်သက်ကြပါတယ်။ သူတို့ရဲ့ ချစ်သူ (သို့) အမျိုးသားတွေနဲ့ အိပ်ယာပေါ်မှာနေပြီး တီဗီကြည့်နေရတာဟာ ဘာခံစားချက်နဲ့မှာ မတူဘူးလို့ မိန်းကလေးအများစုက ပြောထားကြတယ်။ ဘာလို့ ဒါကိုကြိုက်ကြတာလဲဆိုတော့ အဖြေကတော့ ရှင်းပါတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးလို့ပါပဲ။
ပွေ့ဖက်ခြင်းက သက်သောင့်သက်သာရှိခြင်း၊ အားပေးထောက်ခံမူ နဲ့ စိတ်ချမ်းသာမူကို ပေးနိုင်စွမ်းပါတယ်။ ဒါကြောင့် မိန်းကလေးတွေက ပွေ့ဖက်ခြင်းကို နှစ်သက်ကြတာပါ။
ဘာကြောင့် မိန်းကလေးတွေ အုပ်စုလိုက် သန့်ရှင်းခန်းသွားကြတာလဲ
ရင့်ကျက်တဲ့ အမျိုးသမီးတွေကတော့ ဒီလိုမျိုးလုပ်လေ့လုပ်ထ မရှိကြပါဘူး။ ငယ်ရွယ်တဲ့ မိန်းကလေးတွေကတော့ လုံခြုံမှုရှိတယ်လို့ ခံစားရစေဖို့၊ ချစ်သူရည်းစားတွေအကြောင်း အတင်းတုတ်ဖို့၊ တခြား မိန်းကလေးတွေအကြောင်း အတင်းတုပ်ဖို့၊ မိတ်ကပ် ပြန်ပြင်ဖို့ (သို့) တန်းစီရတဲ့အချိန်မျိုးမှာ အဖော်ရှိချင်တာတွေကြောင့် သန့်ရှင်းခန်းထဲကို အဖော်အပေါင်းနဲ့ သွားကြလေ့ရှိတာပါ။
မိန်းကလေးတွေရဲ့ အိတ်ထဲမှာ ဘာတွေထည့်ထားကြသလဲ
အကုန်လုံးပါပဲ။ ဆိုလိုတာက တစ်နေ့တာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်သူတို့အိတ်ထဲမှာ ထည့်ထားကြတယ်။ ဒီလို ရှုပ်ပွနေအောင် ထည့်ထားကြပေမယ့် အိမ်သော့ ရှာတဲ့အခါမှာ အချိန်သိပ်မယူရဘူး။ သူတို့မှာ သူတို့ စနစ်နဲ့ သူတို့ ရှိကြတယ်။
မိန်းကလေးတွေအများစုရဲ့ အိတ်ထဲမှာ ပိုက်ဆံအိတ်၊ နေကာမျက်မှန်၊ တီးရှုး၊ ဘောပင်၊ စာအုပ်၊ အလှပြပစ္စည်းတွေ၊ အရေးကြီးတဲ့ စာရွတ်စာတမ်းတွေ၊ လက်ဆေးရည် စသဖြင့် သူတို့အတွက် တစ်နေတာ လိုအပ်တာတွေ အကုန်ထည့်ထားကြလေ့ရှိတယ်။
မိန်းကလေးတွေပြောတဲ့ “ငါအဆင်ပြေတယ်” ဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ
မိန်းကလေးတွေရဲ့ “ငါအဆင်ပြေတယ်” ဆိုတဲ့အဖြေဟာ ယောက်ျားလေးတွေကို နားလည်ရခက်စေပါတယ်။ ဒီလိုဖြေတဲ့အချိန်မှာ သင့်အနေနဲ့ သံသယ ဝင်လာပြီဆိုရင် တခုခုမှားနေပြီဆိုတာ သေချာပါပြီ။
တစ်ချို့မိန်းကလေးတွေကတော့ ဒီလိုပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ချစ်သူရည်းစားတွေကို တခုခုမှားနေပြီ လို့အသိပေးချင်တာကြောင့် လို့ပြောကြတယ်။ သူတို့ကတော့ တခုခုအဆင်မပြေနေတာကို ပြချင်ပေမယ့် တစ်ဖက်က ယောက်ျားလေးတွေ အတွက်တော့ အလွန်ပဲ နားလည်ရခက်စေပါတယ်။