ခြေသည်းဆိုးဖို့ အရောင်စဉ်းစားရခက်နေတဲ့သူတွေနဲ့ ဘယ်လိုပုံစံဆိုးရမလဲ စဉ်းစားရခက်နေတဲ့သူတွေအတွက် အရမ်းလှတဲ့ ခြေသည်းနီအရောင်နဲ့ ဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဆိုင်သွားပြီး ခြေသည်းဆိုးမယ်ဆိုရင် တကူးတက စဉ်းစားနေစရာမလိုတော့ဘူးပေါ့။

ဒီခြေသည်းအရောင်နဲ့ ဒီဇိုင်းလေးက အသက်ကြီးကြီးငယ်ငယ် အားလုံးနဲ့လိုက်ဖက်ပါတယ်။ အသားဆောင်ပြီး အရမ်းလှတဲ့အရောင်လေးပါ။

ခြေထောက်ကို နက်ပြာရောင်ဆိုးတာက ခြေထောက်ပိုဖြူသလို ဖြစ်သွားစေပါတယ်။ နည်းနည်းဆန်းချင်ရင် ၁၀ ချောင်းလုံးကို နက်ပြာရောင်ချည်းပဲမဆိုးပါနဲ့။ ဒီလိုလေးဆိုးကြည့်ပါ။

Maroon အရောင်ကို ခြေချောင်းအပြည့်ဆိုးလည်းရသလို နည်းနည်းလေးဆန်းအောင် ဆိုးမယ်ဆိုရင်တော့ ဒီလိုလေးဆိုးကြည့်နော်။ အရမ်းလှပါတယ်။

အရောင်ဆန်းတာလေးဆိုးချင်တယ်ဆိုရင် ဒီခြေသည်းနီအရောင်လေး ဆိုးကြည့်ပါ။ Glitter လေးတွေကြောင့် ပိုလင်းပြီးလှသွားတာပါ။

ဒီခြေသည်းနီအရောင်နဲ့ ဒီဇိုင်းလေးဆိုရင် နှစ်ရောင်စပ်ထားတာလေး ဆန်းပြီးတော့ အရမ်းလှပါတယ်။

အရောင်ဆန်းလေးတွေဆိုးချင်ရင် ဒီလိုလေးလည်းဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

ကြည့်လိုက်တာနဲ့ ရှင်းပြီးသန့်နေတာမျိုးလေးဆိုရင်တော့ အဖြူရောင်ကို ဒီလိုလေးဆိုးကြည့်ပါ။

ခြေသည်းကို ဒီလိုအရောင်မျိုးဆိုးတာက အသားဆောင်ပြီးလှပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ အရောင်လည်းဖြစ်ပါတယ်။

ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာမျိုး၊ လူငယ်ဆန်တာမျိုးဆိုရင် အဝါရောင်ကို Glitter ငွေရောင်လေးဖောက်ပြီး ဆိုးကြည့်ပါ။

ခြေထောက်ကို Cat Eye ဆိုးမယ်ဆိုရင် ဒီလို Maroon အရောင်လေးဆိုးကြည့်ပါ။ ထင်းပြီး အရမ်းလှပါတယ်။

အရောင်တွေဆိုးရတာထပ်လာပြီ ရိုးလာပြီဆိုရင် ဒီလိုရွှေရောင်လေး ဆိုးကြည့်နော်။

Photo source:www.pinterest.com