ဆံပင်ကို ခေါင်းလျှော်ပြီးတိုင်း ဖြောင့်ဖြောင့်စင်းစင်လေးဖြစ်တာကို သဘောကျပေမယ့် Hair Straightener တွေ ၊ Dryer တွေကြောင့် ဆံသားပျက်စီးမှာကြောက်နေလား ? ဒါဆို ဒါတွေကို မသုံးရဘဲနဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်ကိုပိုင်ဆိုနိုင်ဖို့အတွက်ဆို ဒီအိမ်သုံးကုထုံး ၅ ခုကို စမ်းသုံးကြည့်ပါ။
ရှားစောင်းလက်ပတ်ဂျယ်၊ သံပုရာ၊ ကြက်ဆူဆီ၊ ပျားရည်
သံပယိုရည်က ဦးရေပြားကို ဗီတာမင် C တိုးစေပြီး ဆံပင်ကျွတ်တာကို သက်သာစေသလို ကြက်ဆူဆီကလည်း ဆံပင်ကျွတ်တာကို ထိန်းချုပ်ပေးပြီး ဆံပင်ကို ဖြောင့်စေပါတယ်။ရှားစောင်းလက်ပတ်ဂျယ်၊ သံပုရာရည်နည်းနည်း ၊ ကြက်ဆူဆီ ၁ ဇွန်းနဲ့ ပျားရည် ၂ ဇွန်းတို့ကို ရောပြီး ဆံပင်ကို လိမ်းပေးပါ။ ခနလောက်ကြာမှ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။
ငှက်ပျောသီး၊ပျားရည်၊ဒိန်ချဉ်၊သံလွင်ဆီ
ငှက်ပျောသီးမှာ ဆံကေသာကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါ၀င်တာကြောင့် ငှက်ပျောသီးနဲ့ပျားရည်က ဖြောင့်စင်းပြီး တောက်ပြောင်တဲ့ ဆံကေသာကိုပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ငှက်ပျောသီးတစ်လုံး၊ ပျားရည်နည်းနည်း၊ ဒိန်ချဉ်တစ်ခွက်နဲ့ သံလွင်ဆီ နှစ်ဇွန်းတို့ကို ရောပြီး ဆံပင်ကို လိမ်းပေးပါ။ ခနလောက်ကြာမှ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။
သံလွင်ဆီနဲ့ ကြက်ဥ
ကြက်ဥမှာ ဆံသားကို အာဟာရဖြစ်စေပြီး ချောမွေ့စေတဲ့ ပရိုတင်းဓာတ်တွေပါဝင်ပြီး သံလွင်ဆီကတော့ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေပါတယ် ။ ဆံပင်ကို အာဟာရဖြစ်စေပြီး ဆံပင်ကို ပိုးသားလို ဖြောင့်စင်းစေဖို့ သံလွင်ဆီနဲ့ ကြက်ဥကို ရောပြီး ဆံပင်ကိုလိမ်းပေးပါ။ ခနလောက်ကြာမှ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။
ငှက်ပျောသီးနဲ့ ဒိန်ချဉ်
သဘာဝအတိုင်း ဆံပင်ဖြောင့်ချင်ရင် ငှက်ပျောသီးနဲ့ ဒိန်ချဉ်ကို မမေ့ပါနဲ့ ။ ငှက်ပျောသီးနဲ့ ဒိန်ချဉ်ကိုရောပြီး ဆံပင်ကိုလိမ်းပေးပါ ခနလောက်ကြာမှ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ဆံပင်က တောက်ပြောင်ပြီး ဖြောင့်စင်းနေတာ လက်တွေ့မြင်ရမှာပါ။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က ဆံပင်ရဲ့ pH အဆင့်ကို ပြန်လည်ကောင်းမွန်စေပြီး ဆံပင်ကြီးထွားမှုကိုလည်း အားပေးတာကြောင့် ဆံပင်ကို ပြန်လည်ရှင်သန်စေပြီး တောက်ပစေကာ ချောမွေ့စေပါတယ်။ ဒါ့အပြင်ပန်းသီးရှာလကာရည်က သဘာဝဆံပင်ဖြောင့်ဆေး ဖြစ်တာမလို့ ဆံပင်ကို ဖြောင့်စေပါတယ်။