အဆီပြန်တဲ့ Oily Skin တွေအတွက် အဓိကသုံးဖို့လိုအပ်တဲ့ Skincare ပစ္စည်း (6) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်သုံးချင်ရင် သုံးချင်သလောက် ထပ်ချဲ့လို့ရပေမယ့် အဓိကလိုအပ်တာပဲ သုံးချင်တယ်ဆိုရင်တော့ ဒီ (6) မျိုးကိုပဲသုံးပါ။ ဒါဆိုရင် တော်တော်လုံလောက်နေပါပြီ။
Cleanser
Skincare Step တွေထဲမှာ အရေးအကြီးဆုံးက Cleansing Step ပါပဲ။ အဆီပြန်တဲ့သူတွေက Oily Skin အတွက် သီးသန့်ထုတ်ထားတဲ့ Cleanser တွေကို ရွေးသုံးသင့်ပါတယ်။ ကိုယ်က အဆီပြန်တဲ့အပြင် ဝက်ခြံလည်းရှိတယ်ဆိုရင် မနက်ပိုင်းကို Gentle Cleanser သုံးပြီး ညဘက်ကို Salicylic Acid Cleaner သုံးပါ။
Toner
Toner ကိုလည်း မနက်ညသုံးပေးပါ။ အဆီပြန်တာသက်သာစေမယ့် Toner တွေ သုံးပေးပါ။ Salicylic Acid, Glycolic Acid, Lactic Acid ပါတာတွေ သုံးပေးနိုင်ပါတယ်။
Moisturizer
Moisturizer ကိုလည်း မနက်ညသုံးပေးဖို့ လိုပါတယ်။ အဆီပြန်လို့ဆိုပြီး Moisturizer Step ကို ကျော်သွားလို့မဖြစ်ပါဘူး။ Oily Skin တွေက Texture အရမ်းထူတဲ့ Moisturizer တွေရှောင်ပြီး Lightweight ဖြစ်တဲ့ Moisturizer တွေ ဥပမာ – Gel Type Moisturizer တွေသုံးပေးတာ ပိုအဆင်ပြေပါတယ်။
Sunscreen
Sunscreen ကတော့ မနက်၊ နေ့လည်သုံးပေးဖို့လိုပါတယ်။ အသားအရေမပျက်စီးချင်ရင် Sunscreen လိမ်းဖို့ မပျင်းပါနဲ့။
Exfoliate
Oily Skin တွေအနေနဲ့ ကိုယ့်ရဲ့ Skincare Routine မှာ Exfoliate လုပ်ခြင်းကိုလည်း ထည့်ရပါမယ်။ တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးခြင်းဖြင့် Dead Skin Cells တွေနဲ့ အဆီ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်လာစေပါတယ်။
Clay Mask
Clay Mask က အဆီပြန်တာ၊ ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။ ဒါကြောင့် Clay Mask ကိုလည်း တစ်ပတ်တစ်ကြိမ် သုံးပေးမယ်ဆိုရင် ပိုကောင်းပါတယ်။