ဂါဝန်လေးတွေ ဝတ်ထားရင် သင့်ကိုယ်သင် အရင်နေ့တွေထက် ပိုလှတယ်လို့ ခံစားရမှာပါ။ အခုနောက်ပိုင်း Local Clothing Brand တွေကလည်း ဂါဝန်လှလှလေးတွေ အပြိုင်အဆိုင် ထုတ်လာကြတာမို့ သင့်ဆီမှာ အနည်းဆုံး ဂါဝန်တစ်ထည်တော့ ပိုင်ဆိုင်ထားမှာပါ။ သင်က ဂါဝန် ဝတ်ပြီး ဓာတ်ပုံလှလှလေး ရိုက်ချင်တယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက် အသုံးဝင်လာမှာမို့ သိမ်းထားဖို့ မမေ့ပါနဲ့နော်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ ပန်းစည်းလေး ကိုင်ထားမယ်

သင်က ဂါဝန်ဝတ်ထားရင် တွဲနိုင်တဲ့ အလိုက်ဖက်ဆုံး ဖြည့်ဘက် ပစ္စည်းကတော့ ပန်းစည်းပါ။ ပုံထဲက မော်ဒယ်လို ပန်းစည်းကိုင်ထားပြီး နောက်မှီစရာဘက် ကပ်ပြီး ပို့စ်ပေးနိုင်ပါတယ်။

၂။ တခြားဘက် ကြည့်နေမယ်

သင့်လက်နှစ်ဘက်ကို ရှေ့ဘက် ချထားကာ ခန္ဓာကိုယ်ကို တစ်ဘက်စီ ယိမ်းကာ တခြားဘက် ကြည့်နေနိုင်ပါတယ်။

၃။ ရှုခင်းလှလှလေး ရှိရင်

သင်က ရှုခင်းလှလှလေးနဲ့တူတူ ဂါဝန်လှလှလေး ဝတ်ထားမယ်ဆိုရင် မျက်နှာကို ပြစရာမလိုဘဲ နောက်ဘက်ကြည့်နေနိုင်ပါတယ်။

၄။ ဂါဝန်က ခွဲကြောင်းပါရင်

ဂါဝန်က ခွဲကြောင်းပါပြီး ကိုယ့်ပေါင်တံလေးကို ပြချင်တယ်ဆိုရင် ဒီပုံစံလေး ထိုင်နိုင်ပါတယ်။

၅။ လမ်းလျှောက်ရင်း ဂါဝန်စလေး ကိုင်ထားမယ်

သင်က လမ်းလျှောက်ကာ တခြားဘက်ကြည့်ရင်း ဂါဝန်လေးကို တစ်ဘက်ကနေ ကိုင်ထားနိုင်ပါတယ်။

၆။ ပန်းစည်းလေးကို ဘေးကကိုင်ထားမယ်

နောက်ဘက် မှီစရာကို လက်ကလေးနဲ့ ထောက်ထားပြီး တစ်ဘက်က ပန်းစည်းကို ကိုင်ထားနိုင်ပါတယ်။

၇။ ခုံပေါ်မှာထိုင်တဲ့အချိန်

သင်က မိန်းကလေးဆန်ဆန် ပုံစံလေး လိုချင်ရင် ပုံထဲကလို ထိုင်ပြီး ပေါ့ပေါ့ပါးပါးလေး ပို့စ်ပေးနိုင်ပါတယ်။

၈။ ဆွဲဆောင်မှုရှိရှိ

Confident ရှိတဲ့ ဂါဝန်လေးနဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ရင် ဒီပို့စ်လေးကို Try ကြည့်နိုင်ပါတယ်။

၉။ နားကိုင်နေတဲ့ပုံစံလေး

သင်က နားကပ်၊ နားဆွဲဝတ်ရင်း ကင်မရာဘက် အမှတ်တမဲ့ ကြည့်လိုက်တဲ့ ပုံစံလေးက ပို့စ်အိုင်ဒီယာကောင်းပါပဲ။

၁၀။ မျက်လုံးလေး မှိတ်ထားမယ်

ခန္ဓာကိုယ်ကို တစ်ဘက်စောင်းကာ လက်နှစ်ဘက်ကို စုထားပြီး မျက်လုံးလေး မှိတ်ထားတာက Innocent Pose လေးပါ။

၁၁။ ဆံပင်လေး သပ်နေမယ်

သင်က ကင်မရာကို မကြည့်ဘဲ အောက်ဘက် ငုံ့ကာ ဆံပင်လေး ကိုင်ထားတာက သဘာဝကျကာ ချစ်ဖို့ကောင်းပါတယ်။

၁၂။ ဂါဝန်လှလှလေးကို ကြွားမယ်

သင်က ပုံထဲကလို လက်နှစ်ဘက်ကို ကားထားမယ်ဆိုရင် သင့် Body Shape ကို ပိုမြင်ရနိုင်သလို သင့်ဂါဝန်ပုံစံကိုလည်း ပိုမြင်ရစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar