ဗိုက်ဆာနေတဲ့အချိန်မှာ မလုပ်သင့်တာတွေရှိပါတယ်။ အထူးသဖြင့် ဒီအရာ ၆ ခုကို မလုပ်ပါနဲ့။ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ရော ဆင်ခြင်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။
ဆေးမသောက်ပါနဲ့
ဗိုက်ဆာနေတဲ့အချိန်မှာ ဆေးသောက်ဖို့အချိန်ရောက်နေရင် ချက်ချင်းမသောက်လိုက်ပါနဲ့။ အစားအရင်စားပါ။ ပြီးမှသောက်ပါ။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ အစာအိမ်ထိခိုက်နိုင်ပါတယ်။
ကော်ဖီမသောက်ပါနဲ့
တချို့ကော်ဖီအရမ်းကြိုက်တဲ့သူတွေက ဗိုက်ဆာတယ်ဆိုရင် အဆာပြေ ကော်ဖီသောက်တတ်ကြပါတယ်။ အစာမရှိတဲ့အချိန်မှာ ကော်ဖီသောက်လိုက်ရင် ရင်တုန်စေပါတယ်။ ဒါကြောင့် ကော်ဖီမသောက်သင့်ပါဘူး။ သောက်မယ်ဆိုရင်လည်း မုန့်လည်းစားပေးပါ။
အရက်မသောက်ပါနဲ့
ဗိုက်ဆာနေတဲ့အချိန်၊ ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ အရက်သောက်တာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ချဉ်တဲ့ဖျော်ရည်တွေမသောက်ပါနဲ့
ဗိုက်ဆာနေတဲ့အချိန်မှာ ချဉ်တဲ့ဖျော်ရည်တွေသောက်ရင် အစာအိမ်ထိခိုက်စေနိုင်တာကြောင့် မသောက်သင့်ပါဘူး။
လေ့ကျင့်ခန်းမလုပ်ပါနဲ့
ဗိုက်ဆာနေတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်ရင် မောလွယ်ပြီး ပုံမှန်ထက်ပိုပင်ပန်းမယ်၊ အားလျော့မယ် ပြီးရင် ရင်တုန်ပြီးမူးတာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဗိုက်ဆာနေတဲ့အချိန်မှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။
အလုပ်မလုပ်ပါနဲ့
ဗိုက်ဆာနေတယ်ဆိုရင် ဗိုက်ပြည့်အောင် တစ်ခုခုအရင်စားလိုက်ပါ။ ပြီးမှအလုပ်လုပ်ပါ။ ဗိုက်ဆာနေတဲ့အချိန်မှာ အလုပ်လုပ်ရင် စိတ်ရှုပ်ပြီးဒေါသထွက်လွယ်မယ်၊ အလုပ်လုပ်ရတာလည်း စိတ်မပါဖြစ်မယ်၊ တီထွင်နိုင်စွမ်းတွေလည်း လျော့ကျစေပါတယ်။ ဒါကြောင့် အားပြည့်အောင်လုပ်ပြီးမှ အလုပ်လုပ်ပါ။