အချစ်နဲ့စပြီး အမုန်းနဲ့ဆုံးတဲ့ ဆက်ဆံရေးကို ဘယ်သူမှ မလိုချင်ပါဘူး။ Relationship တစ်ခု ရပ်တန့်လိုက်ဖို့ဆိုတာ လွယ်လွယ်နဲ့ ဆုံးဖြတ်လို့ မရပေမယ့် အဆုံးသတ်လိုက်ခြင်းက နှစ်ယောက်စလုံးအတွက် ပိုကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့ လက်ရှိ သမီးရည်းစားဆက်ဆံရေးက အခုပြောတဲ့အချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ နာကျင်ရက် ဆက်တွဲနေဖို့ထက် လမ်းခွဲဖို့ စဉ်းစားတာက ပိုပြီး မှန်ကန်ပါလိမ့်မယ်။
(၁) အချိန်မပေးချင်တော့ဘူး
ချစ်သူက သင့်အတွက် အချိန်လုံလုံလောက်လောက် မပေးချင်တော့ဘူး။ တခြားလူတွေနဲ့တော့ အချိန်တွေ ဖြုန်းနေတယ်ဆိုရင် ဒါဟာ သင့်ကို စိတ်မဝင်စားတော့ဘူးဆိုတာ ပြနေတာပါ။ အကယ်၍ ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးချင်တယ်ဆိုရင် သူ့အတွက် အချိန်ပိုလာအောင် လုပ်ပေးပါလိမ့်မယ်။ မချစ်တော့ဘူးဆိုရင်တော့ ပိုနေတဲ့အချိန်တွေတောင် မပေးချင်ဘဲ ဖြစ်တတ်ပါတယ်။
(၂) ကတောက်ကဆဖြစ်ချိန်က ပိုများနေမယ်
ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ အတွက်နဲ့တောင် စကားများရန် ဖြစ်နေရတယ်။ စကားများများ ပြောတိုင်းလည်း ရန်စကားတွေပါလာမယ်။ ကိုယ့်ရဲ့ အတွေးတွေ အကြံပေးစကားတွေကိုလည်း ဂရုမစိုက်တော့ဘူး။ အဆင်ပြေပျော်ရွှင်ရတဲ့ အချိန်ထက် ရန်ဖြစ်ချိန်ကပိုများပြီး တစ်ယောက်ကို တစ်ယောက် အဆိပ်အတောက်တွေပဲ ဖြစ်နေစေမယ်ဆိုရင်တော့ လက်တွဲဖြုတ်သင့်ပြီလို့ အကြံပေးပါရစေ။
(၃) တစ်ဖက်သက် ဆန်လွန်းနေမယ်
Relationship တစ်ခုမှာ အပေးအယူ မျှတဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်တည်းကပဲ Relationship ကို တည်မြဲအောင်ကြိုးစားနေတယ်ဆိုရင်တော့ ပင်ပန်းပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ချစ်သူက အမြဲတမ်းဆန့်ကျင်ဖက်ကိုပဲ သွားနေတယ်ဆိုရင် အဆင်မပြေတော့ပါဘူး။ တန်ဖိုးနားမလည်တဲ့ သူနားမှာဆက်နေတာက သင့်ကို ပိုပြီး ပင်ပန်းမှုတွေပဲ ဖြစ်စေပါလိမ့်မယ်။
(၄) ပွင့်လင်းမှုမရှိတော့ဘူး
Relationship တစ်ခုတည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ပွင်းလင်းတဲ့ ဆက်ဆံရေးတစ်ခုရှိဖို့ လိုတယ်မဟုတ်လား။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ဖို့ ခက်ခဲလာမယ်။ တစ်ယောက်နဲ့တစ်ယောက် လျို့ဝှတ်ချက်တွေ များနေမယ်။ စကားပြောဆို ဆက်သွယ်မှုတွေကလည်း အရင်ကထက် နည်းလာမယ်ဆိုရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ။