ရိုးရှင်းပြီး သပ်ရပ်တဲ့ Makeup Look က အခြေအနေအမျိုးမျိုးနဲ့ သင့်တော်ပါတယ်။ ဘယ်ကိုပဲ သွားသွား မိတ်ကပ် ပါးပါးလေးက သင့်မျက်နှာကို သက်သောင့်သက်သာ ဖြစ်စေပြီး သင်ကိုယ်တိုင်လည်း ပိုနေလို့ ကောင်းပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ်ပါးပါးလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်စေဖို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။

၁။ Semi Matte Base

Photo Source: Daily Vanity

Foundation သုံးတဲ့အခါ ပမာဏအများကြီး မလိမ်းဘဲ ပါးပေါ် ပါးပါးလေး ဖြန့်ပေးသင့်ပါတယ်။ ဖြန့်ပြီးနောက် Beauty Blender နဲ့ ပြန် Blend ပေးရပါမယ်။

၂။ Matte Blush

Blusher သုံးတဲ့အခါ Liquid Blusher ကို မသုံးဘဲ Matte Type Powder Blusher က သင့်ပါးအနှံ့ကို ပိုပြန့်စေပြီး ပို ချစ်ဖို့ကောင်းစေပါတယ်။

၃။ Light Eyeshadow

မိတ်ကပ်သားပါးပါး Natural ဆန်တာလေး လိုချင်တယ်ဆိုရင် Eyeshadow ကို ပါးပါးလေးပဲ ခြယ်သင့်ပါတယ်။ ဒီလို ခြယ်တာက သင့်အတွက်လည်း အချိန်သိပ်မပေးရတော့ပါဘူး​။

၄။ Minimal Eyeliner

Eyeliner ကိုလည်း ကော့်ပြန်နေအောင် ဆွဲစရာ မလိုပါဘူး။ ပါးပါးလေး ဆွဲရုံနဲ့တင် မိတ်ကပ် Look က Natural ပိုဖြစ်ပါတယ်။

၅။ Clumped Lashes

သဘာဝဆန်ဆန်ဆိုလို့ မျက်တောင်ကိုတော့ ပစ်ထားလို့ မရပါဘူး။ သင်က မျက်တောင်တိုတယ်ဆိုရင် မျက်တောင်တု Clumped Lashes တွေ တပ်ပေးသင့်ပါတယ်။ Clumped Lashes တပ်ပြီးနောက် Mascara ပြန်ဆိုးဖို့ မမေ့သင့်ပါဘူး။

၆။ Natural Aegyosal

ချစ်ဖို့ကောင်းတဲ့ Makeup Look ကိုရဖို့ မျက်အိတ်ဖောင်းဖောင်းလေးက သင့်ကို ကူညီပေးပါလိမ့်မယ်။ ဒါအတွက် သဘာဝဆန်ဆန် Aegyosal ဆွဲတတ်ဖို့ လေ့ကျင့်ထားသင့်ပါတယ်။

၇။ Over-Smudged Glossy Lips

သင်က နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တယ်ဆိုရင် ကိုယ့်နှုတ်ခမ်းထက် ပိုပိုသာသာလေး ဆိုးတဲ့ နှုတ်ခမ်းနီစတိုင်က လှပြီး ချစ်ဖို့ကောင်းပါတယ်။ သဘာဝဆန်ဆန် နှုတ်ခမ်းနီ Look ရဖို့ Glossy Lips က ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar