ဒီတစ်ခေါက်ဖက်ရှင်မှာတော့ ပိန်တာလည်းမဟုတ် ဝတာလည်းမဟုတ်ပဲ Body ပြည့်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

Body ပြည့်တဲ့ ကောင်မလေးတွေက အင်္ကျီဆိုရင် Shoulder Off လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းအောင် ဂျင်းစကပ်အတိုနဲ့ ဒီလိုလေးတွဲဝတ်ကြည့်နော်။

Body ပြည့်တဲ့ ကောင်မလေးတွေက နောက်ထပ် ဒီလိုဖက်ရှင်လေးနဲ့လည်း အရမ်းလိုက်ပါတယ်။ ပြည်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ဒီလိုဂါဝန်အတိုလေးနဲ့ဆိုရင်လည်း Cute Type လေးဖြစ်ပြီး ချစ်ဖို့ကောင်းနေမှာပါ။

Body ပြည့်တဲ့အတွက် လက်မောင်းနဲ့ ရင်ဘတ်နားလေးကလည်း ပြည့်နေမှာပါ။ ဒီတော့ လက်ပြတ်ဝတ်ရင်လည်း လိုက်ဖက်နေတာပါပဲ။

ဒီလိုကြိုးတစ်လုံးဂါဝန်အရှည်လေး ဝတ်မယ်ဆိုရင် Sneakers လေးတွေ စီးကြည့်ပါ။ ပိုလိုက်ဖက်ပါတယ်။

ဒီဖက်ရှင်လေးနဲ့ဆိုလည်း အရမ်းလိုက်ဖက်ပြီး ပြည်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

ဒီဖက်ရှင်လေးကျတော့ ပုံမှန်ထက်ပိုပြီး Body သေးသလို ဖြစ်သွားစေပါတယ်။ ဒီဖက်ရှင်လေးနဲ့လည်း လိုက်ဖက်တာပါပဲ။

Body ပြည့်တဲ့ကောင်မလေးတွေက ဂါဝန်လေးအတိုလေးနဲ့ဆိုလည်း အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကိုရီးယားဆန်တဲ့ ဒီလိုဖက်ရှင်လေးနဲ့လည်း လိုက်ဖက်တာပါပဲ။

ဂျင်းစကပ်အတိုကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်ဆိုလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေမှာပါ။

Body ပြည့်တဲ့ကောင်မလေးတွေက ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် ဒီလိုလေးတွေ ဝတ်ကြည့်ပါ။ စကပ်ဆိုရင်တော့ အတိုအကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

Body ပြည့်တဲ့ကောင်မလေးတွေနဲ့ နောက်ထပ်လိုက်ဖက်တဲ့ ဖက်ရှင်ကတော့ စကပ်အတိုကို ကုတ်လေးတွေနဲ့ တွဲဝတ်တဲ့ ဖက်ရှင်ပါပဲ။ အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

ဒီဖက်ရှင်လေးတွေကလည်း Body ပြည့်တဲ့ကောင်မလေးတွေဝတ်ရင် ချစ်ဖို့လည်းကောင်းသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

Photo source:www.pinterest.com