လက်သည်းနီ အရောင်တွေ ဘယ်လောက်ပဲ ပေါများပါစေ ပျိုမေတိုကြား ဘယ်တော့မှ မရိုးမယ့် အရောင်ကတော့ မီးခိုးရောင်ပါ။ မီးခိုးရောင် လက်သည်းနီက အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်ကာ အထူးသဖြင့် Knitted Sweater, အင်္ကျီလက်ရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ အင်္ကျီလက်ရှည် Sweater တွေနဲ့ ဓာတ်ပုံရိုက်တယ်ဆိုရင်လည်း မီးခိုးရောင် လက်သည်းနီက ပျိုမေတိုကို ပိုထူးခြားစေနိုင်ပါတယ်။ ဒီတစ်ခေါက် ဖော်ပြမယ့် လက်သည်းနီ အရောင်တွေကတော့ မီးခိုးရောင်ဘက်သွားတဲ့ ကိုးရီးယားစတိုင် လက်သည်းနီ ပုံစံတွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ မီးခိုးရောင် အဖျော့ အဖြူဘက်သွားတဲ့ လက်သည်းနီ စတိုင်

၂။ မီးခိုးရောင်နဲ့ အတူ အရောင် ၂ ရောင်စပ်

၃။ အနက်နဲ့ မီးခိုးရောင် ရောစပ် ဖန်တီးမှု

၄။ French စတိုင် မီးခိုးရောင် ကို ထိပ်က ဆိုးပေးမယ်။

၅။ သစ်ရွက်ပုံစံလေး ပုံဖော်ထားတဲ့ မီးခိုရောင် ဒီဇိုင်း

၆။ အတွန့် အလှိန်လေးတွေပါတဲ့ မီးခိုးရောင် လက်သည်းနီ ဒီဇိုင်း

၇။ မီးခိုးရောင်ကိုမှ အရောင်ရင့် ဒီဇိုင်း

၈။ ငွေရောင်အမှုန်လေးတွေ ကျဲထားတဲ့ စတိုင်

၉။ ငွေရောင်ကိုမှ Metallic Silver Nails ဒီဇိုင်း

၁၀။ ခဲရောင်ကိုမှ ဂေါ်လီလုံး အရောင်လေးနဲ့ ဂေါ်မယ်

၁၁။ Plaid အကွက်လေးတွေနဲ့ မီးခိုးရောင်ကို ဖန်တီးမယ်။

၁၂။ ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး အင်္ကျီလက်ရှည်နဲ့ လိုက်ဖက်မယ့် ဒီဇိုင်း

၁၃။ မီးခိုးရောင်ကို ပန်းပွင့်လေးတွေနဲ့ ပုံဖော်မယ်

သင် အနှစ်သက်ဆုံး ကိုးရီးယားစတိုင် မီးခိုးရောင် လက်သည်းနီလေးက ဘယ်ပုံစံ ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Source: Kbeautyaddiction

By MyStyle Myanmar