နေ့တိုင်းပြင်ဆင်ဖို့အတွက် ရုံးသွား၊ ကျောင်းသွား၊ ထသွားထလာအဆင်ပြေတဲ့ ရိုးရိုးရှင်းရှင်း Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။
ပြီးမှ Concealer နဲ့ မျက်နှာပေါ်ကအမဲစက်တွေ၊ မျက်ကွင်းညိုတာတွေ၊ အသားအရာင်မညီတာတွေကို ဖုံးပါမယ်။
နောက်တစ်ဆင့်မှာတော့ Foundation လိမ်းပါမယ်။
Eyeshadow အသားရောင်ကို မျက်ခွံမှာ ခြယ်ပါမယ်။
ခဲရောင် Eyeshadow ကို မျက်ရစ်နေရာနဲ့ ထောင့်လေးမှာ ခြယ်ပါမယ်။
မျက်လုံးအောက်နားကို အသားရောင် Eyeshadow ခြယ်ပါမယ်။
Eyeliner ပါးပါးလေးဆွဲပါမယ်။ Eyeliner ဆွဲတဲ့အခါ Wings ထွက်အောင် ဆွဲပေးပါ။
Mascara နဲ့ မျက်တောင်ကော့ပါမယ်။
အညိုရောင် Contouring နဲ့ နှာတံဖော်ပြီး မေးရိုးနည်းနည်းချပါမယ်။
Powder Pact ကို ပါးပါးလေးလိမ်းပေးပါ။ အများကြီးယူလိမ်းတာမျိုး မလုပ်ပါနဲ့။
ပါးနီကိုတော့ လိမ္မော်ရောင်လေးခြယ်ပါမယ်။
နှာတံလေးပိုပေါ်သွားအောင် နှာတံဖော်ထားတဲ့နေရာကို Highlighter နည်းနည်းခြယ်ပါမယ်။
မျက်လုံးထောင့်ကိုလည်း Highlighter နည်းနည်းခြယ်ပေးပါ။
နှုတ်ခမ်းနီကို အညိုရောင်ဆိုးပြီးတော့ နှုတ်ခမ်းအတွင်းသားကို နည်းနည်းရောင်ရင့်တာလေး ထပ်ဆိုးပါမယ်။
ဒါဆိုရင်တော့ နေ့တိုင်းပြင်ဆင်ဖို့ အဆင်ပြေတဲ့ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းလှတဲ့ Makeup Look လေးကို ရရှိသွားပါပြီ။