Mirror Selfie က အမိုက်စားမိတ်ကပ်တွေ Outfit တွေကို ယုံကြည်မှုအပြည့်နဲ့ပြဖို့ ကိုယ်တိုင်ရိုက်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမယ့် မှန်ရှေ့မှာ Mirror Selfie ရိုက်တဲ့အခါ ဘယ်လို Pose ပေးရမှန်းမသိဖြစ်နေလား ? ဒါဆိုရင် Korean Celebs တွေလိုမျိုး အမိုက်စား Pose တွေရဖို့ ဒီလိုလေးရိုက်ကြည့်ပါ။
မှန်ရှေ့ဘယ်လိုနေရမှန်းမသိဖြစ်နေရင် နှုတ်ခမ်းလေးစူပြီး လက်လေးနှစ်ချောင်းထောင်တာက တမူထူးနေမှာပါ။
မျက်နှာတခုလုံးပေါ်အောင်မရိုက်ဘဲ ဒီလိုလေး မျက်နှာတခြမ်းကိုကွယ်ပြီး ရိုက်ကြည့်ပါ။
ဘေးမှာ သူငယ်ချင်းအဖော်ပါတယ်ဆိုရင် မှန်ရှေ့မှာ ကိုယ်ဟန်ပြနေတဲ့ပုံစံမျိုး Snap လေး ရိုက်ကြည့်ပါ။
မှန်ရှေ့အတည့်ရိုက်ရတာ ရိုးလာရင် မှန်တင်ခုံပေါ် တစောင်းလေးထိုင်ပြီး ရိုက်ကြည့်ပါ။
အမြဲ မက်တပ်ရပ်ရိုက်ရတာများနေရင် ဒီလိုလေး ထိုင်ပြီးရိုက်ကြည့်ပါ။
Shopping ထွက်နေချိန် ဆိုင်မှာ ပစ္စည်းထိုင်စောင့်နေချိန်ဆို ဒီ Pose က ကွက်တိပါပဲ။
Mirror Selfie က မှန်အကြီးကြီးရှိမှ ရိုက်လို့ရတာမဟုတ်ပါဘူး။ ဒီလို မှန်အသေးလေးနဲ့လည်း ရိုက်လို့ရပါတယ်။