အလှအပရေးရာအတွက် မိန်းကလေးတိုင်းသိထားသင့်တဲ့ အချက် ၇ ချက်ကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်လုပ်နေတာ မှားနေတာတွေရှိနိုင်သလို ပိုအဆင်ပြေအောင် လုပ်လို့ရတဲ့ နည်းလမ်းတွလည်း ရှိပါတယ်။ ဒါကြောင့် ဒီအချက်တွေက အရမ်းကို အသုံးဝင်စေမှာပါ။

လက်သည်းတိုက်တဲ့အခါ

လက်သည်းတိုက်တဲ့အခါမှာ ပထမပုံထဲကလို ရှေ့တိုးနောက်ဆုတ် တိုက်တာမျိုးမလုပ်ပဲနဲ့ ဒုတိယပုံထဲကလို အပေါ်ကိုပဲ ဆွဲတိုက်တာမျိုး လုပ်ပေးပါ။ ဒါမှ လက်သည်းမပျက်စီးမှာပါ။

Foundation Shade ရွေးတဲ့အခါ

ကိုယ့်အသားအရေနဲ့ကွက်တိဖြစ်မယ့် Foundation Shade ကို ရွေးမယ်ဆိုရင် လက်မှာမစမ်းပါနဲ့။ လည်ပင်းမှာစမ်းပါ။ လည်ပင်းမှာစမ်းတဲ့အရောင်က မျက်နှာနဲ့ကွက်တိအကျဆုံးပါပဲ။

နှုတ်ခမ်းနီဆိုးတဲ့အခါ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ထောင့်တွေမပေကျံအောင် လှလှပပ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဂွမ်းတံလေးကိုကိုက်ပြီး ဆိုးကြည့်နော်။

Makeup Remover သုံးတဲ့အခါ

Makeup Remover သုံးတဲ့အခါမှာ အောက်ဘက်ကိုဆွဲချပြီး ပွတ်ဖျက်တာမျိုး မလုပ်ပါနဲ့။ အသားအရေပျက်စီးပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ အပေါ်ကိုဆွဲတင်ပြီး ဖျက်ပေးပါ။

ခြေသည်းညှပ်တဲ့အခါ

ခြေသည်းညှပ်တဲ့အခါမှာ အထူးသဖြင့် ခြေမကို သေချာဂရုစိုက်ညှပ်ရပါမယ်။ ညှပ်ထားတဲ့ပုံစံမှားနေတာကြောင့် ခြေစွယ်ငုတ်နိုင်ပါတယ်။ ဒါကြောင့် ခြေသည်းကို အကွေးမညှပ်ပဲ ဒဲ့ညှပ်ပေးပါ။ ဒါဆိုရင် ခြေစွယ်လည်းမငုတ်တော့ဘူးပေါ့။

လက်သည်းနီဆိုးတဲ့အခါ

လက်သည်းနီဆိုးတဲ့အခါမှာ ထစ်တာမျိုးမဖြစ်အောင် ပုံမှာပြထားတဲ့အတိုင်းသာ အဆင့်ဆင့်ဆိုးပေးပါ။

မျက်တောင်ကော့တဲ့အခါ

Mascara နဲ့ မျက်တောင်ကော့တဲ့အခါ မျက်တောင်မှ Mascara တွေ စုနေတာမျိုး မဖြစ်အောင် ဒုတိယပုံထဲကလို Zig Zap ပုံစံလေးလုပ်ပြီး ကော့ပေးပါ။ ဒါဆိုရင် မျက်တောင်လည်း ပိုထူပြီးရှည်သွားစေပါတယ်။