လက်သည်းပုံဖော်ရတာကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး လှပတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေထဲက ကိုယ်ကြိုက်တဲ့ပုံလေးကို မှတ်ထားပြီး ပုံဖော်မယ်ဆိုရင် ခေါင်းရှုပ်ခံပြီး ဒီဇိုင်းစဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

အဖြူရောင်ဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းက အရမ်းလှပါတယ်။ ကျောက်တွေလည်း ကပ်ထားတာဖြစ်တဲ့အတွက် ပိုပြီးလှသွားတာပါ။

ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်လို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဘယ်လိုလက်သည်း Shape နဲ့မဆိုလည်း လိုက်ဖက်ပါတယ်။

ဒီဇိုင်းဆန်းပြီးလှပတဲ့အပြင် ဒီဇိုင်းလည်းဆန်းပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်တဲ့ဒီဇိုင်းလေးပါ။

ကျောက်ကပ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

စပ်ထားတဲ့အရောင်နဲ့ ဒီဇိုင်းလေးက အမြင်တစ်မျိုးဆန်းပြီး လှပါတယ်။ ဘာပုံဖော်ရမှန်းမသိရင် ဒါလေးကို Try ကြည့်နော်။

မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် အရမ်းလည်းအသားဆောင်တာကြောင့် ထင်းပြီးလှနေမှာ သေချာပါတယ်။

အရောင်ကဘိုဆန်ပြီး ငြိမ်တာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် လူငယ်လေးတွေကတော့ ပိုသဘောကျမယ်လို့ ထင်ပါတယ်။

အရောင်ကြောင့် အထာကျပြီး မိုက်သွားတာပါ။ အနက်ရောင်ကြိုက်ရင် ဒီလိုလေးသာ ပုံဖော်ပါ။

မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းနဲ့ အရောင်လေးဖြစ်ပါတယ်။

နက်ပြာရောင်တို့ အနက်ရောင်တို့က ဘယ်အချိန်ကြည့်ကြည့် ဆိုးထားရင် အရမ်းလှပါတယ်။ လက်လည်းပိုပေါ်လွင်စေပါတယ်။ ဒီလက်သည်းဒီဇိုင်းဆို ရှင်းရှင်းလေးနဲ့ ထင်းပြီးလှနေတာပါပဲ။

Photo source:www.pinterest.com