WorkOut လုပ်ချိန်မှာ လေ့ကျင့်ခန်းကို ရပ်ပြီး ဆံပင်ကို ပြင်ရတာလောက် စိတ်ရှုပ်စရာ မရှိပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာကို အနှောင့်အယှက်လည်းမဖြစ်စေဘဲ စတိုင်ကျကျလှနေစေမယ့် Hair Style များကို ဝေမျှလိုက်ပါတယ်။

Low Ponytail

Ponytail အနိမ့်လေးစည်းတာက အလွယ်ဆုံးနည်းတစ်ခုပါပဲ။

Tied Back With a Headband

ခေါင်းမှာ Headband လေးတပ်တာကလည်း သင့်စတိုင်ကို တမူထူးစေမှာပါ။

Topknot

ဆံပင်မစည်းချင်ဘူးဆိုရင် ပေါ့ပေါ့ပါးပါးထုံးတာလည်း အဆင်ပြေပါတယ်။

Half-Up Topknot

ချွေးအရမ်းမထွက်တဲ့ WorkOut တွေလုပ်တဲ့အခါဆိုရင်တော့ Half-Up Topknot က သင့်တော်ပါတယ်။

Braided Bun

အမြင့်စည်းရင် ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ စုပြီးထုံးထားတဲ့ Braided Bun က အဆင်ပြေပါတယ်။

Stay-Put Ponytail

ဘယ်တော့မှမရိုးတဲ့ Hairstyle လေး Stay-Put Ponytail ကလည်း ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။

High Ponytail With a Headband

High Ponytail လေးစည်းပြီး Headband လေးတပ်တာက သင့်ကို လန်းဆန်းတက်ကြွတဲ့ပုံစံ ဖြစ်စေမှာပါ။

Ponytail Braid

ချန်ထားလို့မရတဲ့ Hairstyle တစ်ခုကတော့ ကျစ်ဆံမြီးပါပဲ။

Twisted Side Braid

လှပတဲ့ လေ့ကျင့်ခန်းဆံပင်ပုံစံအတွက်ဆို တစ်ဖက်ကိုလိမ်ကျစ်ထားတဲ့ ကျစ်ဆံမြီးကိုလည်း စမ်းကြည့်ပါ။