အကြောပြတ်ရာက ပျောက်အောင်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေလည်း အများကြီးရှိသလို လိမ်းတဲ့ Cream တွေ၊ ဆေးတွေလည်း ရှိပါတယ်။ ဒါကြောင့် အကြောပြတ်ရာရှိရင် စိတ်မညစ်ပါနဲ့။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒီနည်းလမ်းတွေကို Try ကြည့်ပါ။

အာလူး

အာလူးကိုလှီးပြီး အကြောပြတ်ရာတွေပေါ် ပွတ်ပေးရမှာပါ။ တစ်နေ့ကို ၃ ကြိမ်လောက် ပွတ်ပေးရုံနဲ့ အကြောပြတ်ရာတွေက ဖြေးဖြေးချင်းစီပါးပြီး သက်သာလာမှာပါ။

Natural Oil များ

Natural Oil များဖြစ်ကြတဲ့ သံလွင်ဆီ နဲ့ Almond Oil, Lavender Oil, Chamomile Oil စတာတွေထဲက ကိုယ်အဆင်ပြေတာတစ်မျိုးကို ရွေးသုံးပြီး အကြောပြတ်ရာတွေပေါ် လိမ်းပေးပါ။ ပုံမှန်လိမ်းပေးရင် ပါးသွားပါလိမ့်မယ်။

သံပယိုရည်

သံပယိုသီးကို အရည်ညှစ်ပြီး ရလာတဲ့သံပယိုရည်တွေကို ဂွမ်းလုံးနဲ့တို့ယူကာ အကြောပြတ်ရာတွေပေါ်မှာ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ရေနဲ့သေချာသန့်စင်ပေးလိုက်ရင် ရပါပြီ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အပင်ကို ဖြတ်ပြီးတော့ အတွင်းသားဂျယ်လ်ကိုယူကာ အကြောပြတ်ရာတွေပေါ်မှာ ပွတ်လိမ်းပေးရင်လည်း အကြောပြတ်ရာတွေ သက်သာစေပါတယ်။

ကြက်ဥအကာ

ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ ကျန်တဲ့အကာရည်ကိုပဲခလောက်ပြီး အကြောပြတ်ရာရှိတဲ့နေရာပေါ်မှာ ဂွမ်းလုံးလေးနဲ့ယူလိမ်းပေးပါ။ နာရီပိုင်းလောက်ထားပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။