မင်္ဂလာပါနော်။ ဆံပင်တိုတို အေးချမ်းတဲ့မျက်နှာပေါက်လေးနဲ့ မင်းသမီး Park Gyu Young ကတော့ လတ်တလောထွက်ရှိထားတဲ့ Celebrity ဇာတ်လမ်းတွဲနဲ့အတူ K Drama ပရိသတ်တွေကြား လူသိများလာတဲ့ မင်းသမီးတစ်ဦးပါ။ သူမဟာ ပရိသတ်အားပေးမှုများတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ ‘It’s Okay To Not Be Okay’၊ ‘Sweet Home’၊ ‘Dali & Cocky Prince’ စတာတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာမွေးခဲ့တာကြောင့် အသက် ၃၀ ထဲဝင်နေပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လေးလို နုပျိုပြီး ကျက်သရေရှိတဲ့ သဘာဝဆန်ဆန်အလှမျိုးကို ပိုင်ဆိုင်ထားသူပါ။
သရုပ်ဆောင်အပြင် ဘဲလေးအကကိုပါ ကျွမ်းကျင်တဲ့သူဖြစ်လို့ သွယ်လျတဲ့ခန္ဓာကိုယ်ကို ထိန်းထားနိုင်ဆဲဖြစ်တဲ့ အနုပညာရှင်တစ်ဦးပါနော်။
ဇာတ်လမ်းတွဲတစ်ခုနဲ့တစ်ခုမတူအောင် စတိုင်အမျိုးမျိုးပြောင်းဝတ်လေ့ရှိတဲ့သူမဟာ ဖက်ရှင်ပုံစံမျိုးစုံနဲ့ လိုက်ဖက်နေတတ်သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Gyu Young ဟာ နေ့စဉ်ဘဝမှာတော့ သက်တောင့်သက်သာနဲ့ ရိုးရှင်းပေါ့ပါတဲ့ ဖက်ရှင်လေးတွေကို အသားပေးဝတ်တတ်သူပါ။
သူမဝတ်လေ့ရှိတဲ့ ဖက်ရှင်လေးတွေက လုံခြုပြီးပေါ့ပါးတာမို့ အသက်အရွယ်မရွေး လိုက်ဖက်တဲ့အပြင် သင်ကိုယ်တိုင်လည်း လိုက်ဝတ်လို့ရပါတယ်နော်။ ဒီတော့ စိတ်ဝင်စားတဲ့သူတွေအတွက် Gyu Young ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ လှနေတဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ရအောင်နော်-
By MyStyle Myanmar