သင်က သင်သဘောကျတဲ့၊ စိတ်ဝင်စားတဲ့ အမျိုးသားတစ်ဦးနဲ့ ဆုံတွေ့ခဲ့ရင် အခု ဖော်ပြထားတဲ့ အရာတွေကို လုပ်ပေးမယ်ဆိုရင် သူက သင့်ကို အရူးအမူး ဖြစ်သွားပါလိမ့်မယ်။ ဒါမှမဟုတ် သင်က လက်ရှိ ရည်းစားရှိတယ်ဆိုရင်ဒီအချက်တွေကို လုပ်တာနဲ့ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၁။ သစ္စာရှိတဲ့ မိန်းကလေး

ယောက်ျားလေးတွေက ကိုယ်ကသာ မိန်းကလေးလှလှလေးတွေ တွေ့ရင် အီချင် အီမယ်၊ ငမ်းချင်ငမ်းမယ် ဒါပေမဲ့ ကိုယ်သဘောကျတဲ့ ကောင်မလေးကိုတော့ တခြား ယောက်ျားလေးနဲ့ ကြူတာမျိုး လက်မခံနိုင်တဲ့သူတွေပါ။ ကိုယ့်ကို လာအီစီကလီလုပ်တဲ့ လူကို ငြင်းတတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက တန်ဖိုးထား သဘောကျကြပါတယ်။

၂။ ခန္ဓာကိုယ်

သင့်ခန္ဓာကိုယ်က ဘယ်လို အချိုးအစားပဲ ဖြစ်ပါစေ ဒီခန္ဓာကိုယ်ကို ကျန်းမာအောင် ထားတာနဲ့တင် ယောက်ျားလေးတွေကို ဆွဲဆောင်နိုင်ပါပြီ။ အရေးကြီးတာက သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ပါ။ သင့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိ လှအောင် လုပ်နိုင်လဲ သူတို့ သိအောင် ပြသသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါပဲ။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း

သင့်စိတ်ဝင်စားမှု၊ သင့်ရပ်တည်ချက်အပေါ် သင့်ကိုယ်သင် ယုံကြည်မှုရှိသင့်ပါတယ်။ သင့်ဘဝမှာ ဘယ်အရာ ဝင်လာပါစေ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း သူမြင်အောင် ပြသသင့်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိခြင်းနဲ့ သူ့ကို ရူးသွပ်သွားအောင် လုပ်ပစ်နိုင်ပါတယ်။

၄။ သဘောထား

ယောက်ျားလေးတွေက မင်းသမီးထက် မိဖုရားတစ်ပါးကို ပိုလိုချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ မိဖုရားတွေက ဘယ်သူ ဘာပြောပြော ခေါင်းထဲ သိပ်မထည့်ဘဲ ဂရုမစိုက်ကြလို့ပါ။ သင်က သဘောထား ရပ်တည်မှု ကောင်းမွန်မယ်ဆိုရင် ယောက်ျားတွေအတွက် သင်က ဆုလာဒ်တစ်ခု ဖြေနေပါလိမ့်မယ်။

၅။ သူသိပါစေ

ယောက်ျားလေးတွေက တစ်ခါတလေ မိန်းကလေးတွေအကြောင်း သိပ်မသိကြပါဘူး။ သူတို့ လိုချင်တာတောင် ဘာလဲ သိချင်မှ သိတာပါ။ ဒါကို သင်က နားလည်ထားပြီး သင်လိုချင်တဲ့အရာကို သူသိအောင် ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သူ ဘာလုပ်ပေးတာကို ကြိုက်လဲ၊ သူ့ကို ဘာတွေ လုပ်စေချင်လဲ ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ဒီလိုမိန်းကလေးကို ယောက်ျားလေးတွေက နှစ်သက်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar