စိတ်ဝင်စားနေတဲ့ Crush ဆီကို စာအမြဲပို့နေကြလား ? ယောက်ျားတစ်ယောက်က မင်းသူ့ကို မက်ဆေ့ချ်တွေ အရမ်းပို့နေတယ်လို့ ထင်ရင် သူကသင့်အပေါ် စိတ်ဝင်စားမှုနည်းသွားနိုင်ပါတယ်။ သူက အရင်ကလို စိတ်ဝင်စားပုံ မပေါ်ဘူးတော့ဆိုရင် သူ့ဆီက အာရုံစိုက်မှုကို ပြန်ရဖို့ ဒီအချက်တွေကို သတိထားပေးပါ။

သင်က Crush ဆီ စာအမြဲပို့နေကြဆိုရင် စာပို့တဲ့အကြိမ်အရေအတွက်ကို လျှော့လိုက်ပါ။ နေ့တိုင်းပို့မယ့်အစား တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက်ဘဲ ပို့ပါ။ မပို့ဘဲတော့ မနေပါနဲ့ ။ စာပို့တာကို လုံးဝရပ်လိုက်ရင်တော့ သူ့ကို စိတ်မဝင်စားတော့ဘူးလို့ ထင်သွားနိုင်ပါတယ်။

စာပို့တဲ့အခါ သူ့ဆီက Reply မလာသေးလို့ဆိုပြီး ထပ်ခါထပ်ခါပို့တာမျိုး မလုပ်ပါနဲ့။ တကယ်အလုပ်ရှုပ်နေပြီး ဖုန်းမကိုင်နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တစ်ချိန်လုံးစာပို့တာက သင့်ကို စိတ်ပျက်အားငယ်စေရုံသာမက တစ်ဖက်လူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

သင်ကဘဲအမြဲတမ်းစပြီး ဆက်သွယ်တတ်တယ်ဆိုရင် တစ်ခါတစ်လေ မဆက်သွယ်ဘဲ နေကြည့်လိုက်ပါ။ ဒါမှ သူ့ဘက်ကသတိထားမိမှာပါ။

သူ့ဘက်ကစာပို့တဲ့အခါ ချက်ချင်းတုံ့ပြန်တာမျိုးမလုပ်ဘဲ အချိန်တစ်ခုလောက်ကြာမှ စာပြန်ပို့ပါ။ ဒါက သူ့ကိုပိုပြီး စိတ်လှုပ်ရှားလာပါစေလိမ့်မယ်။

ယောက်ျားလေးတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုအမူလေးတွေလုပ်တဲ့အခါ သဘောကျတာမို့ သင်ဘာလုပ်နေလဲဆိုတာ သူ့ကို အသေးစိတ်ပြောပြတာကို ရှောင်ပါ။ ဖြစ်ပျက်ခဲ့သည့်အရာတွေအကြောင်း အတိုချုံးလောက်ဘဲပြောပါ။