သင့်ဆံမြိတ်ကို သင်ကိုယ်တိုင် ညှပ်ဖို့က ခက်တယ် ထင်ရပေမယ့် သေချာဂရုစိုက်ပြီး ညှပ်ရင် ပုံလှလှထွက်နိုင်သလို ပျော်ဖို့ပါ ကောင်းနိုင်ပါတယ်​။ သင့်ဆံပင်စတိုင်က Bang ချရတဲ့ စတိုင်ဆိုရင် ဒီဆံမြိတ်လေး အမြဲကျနေဖို့ ပုံမှန် ညှပ်ရမှာပါ။ သင်က ဆံပင်ညှပ်ဆိုင်ကို မသွားချင်တဲ့ အချိန်လည်း ရှိမှာပါ။ အဲ့လို အချိန် ကိုယ့်အိမ်မှာ ညှပ်ကြည့်ဖို့ သင်တွေးဖူးမှာပါ။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ ကိုယ့်အိမ်မှာပဲ Bang ညှပ်ကြည့်ချင်တဲ့ ပျိုမေတို့အတွက် ညှပ်ဖို့ ၅ မိနစ်လောက်ပဲ ကြာမယ့် ဆံပင်ညှပ်နည်း ဖြစ်ပါတယ်။

၁။ အခြေခိုင်ပါစေ

သင်က Bang ကို အခုမှညှပ်မယ့်သူဆိုရင်တော့ ဆံပင်ညှပ်ဆရာဆီမှာ အရင် ပုံသွင်းသင့်ပါတယ်။ ပုံကျသွားပြီဆိုရင် ထပ်ရှည်လာတဲ့ ဆံပင်ကို သင်ကိုယ်တိုင် တိနိုင်ပါပြီ။

၂။ မှန်ကန်တဲ့ပစ္စည်း

ဆံမြိတ်ညှပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အရင် စုထားသင့်ပါတယ်။ ခေါင်းဖြီး၊ ကတ်ကြေး၊ ဆံပင်ညှပ်ရင် အောက်က ခံမယ့်ဟာ စသဖြင့် လိုတာတွေကို စုဆောင်းထားသင့်ပါတယ်။

၃။ ဆံပင်အစိုကို မညှပ်ပါနဲ့

သင်က ဆံပင်ညှပ်ဆရာတွေ ညှပ်သလို အတိအကျ လိုက်လုပ်လို့ မဖြစ်ပြန်ပါဘူး။ ဆံပင်ရေစိုနေတဲ့အချိန် ညှပ်မယ်ဆိုရင် ပိုတိုသွားနိုင်ပါတယ်။ ဆံပင်အခြောက်ကို ညှပ်တာက ပိုပုံကျနိုင်ပါတယ်။

၄။ အရင်ပုံချပါ

ဆံမြိတ်မညှပ်ခင် သင်ပုံမှန်ထားတဲ့ ဆံပင်စတိုင်၊ ဆံပင်ခွဲကြောင်းအတိုင်း ထားပေးရပါမယ်။ အဲ့လိုမှ ပုံကျမှာပါ။

၅။ ခွဲပြီး ကန့်ထားပါ

သင်ညှပ်မယ့် ဆံပင်ကိုပဲ ရှေ့မှာ ချကာ တိသင့်ပါတယ်။ မညှပ်တဲ့ ဆံပင်ကို ကလစ်နဲ့ ကန့်ထားသင့်ပါတယ်။ မလိုတာတွေပါ ညှပ်ရင် သင့် Bang ပုံကျမှာ မဟုတ်ပါဘူး။

၆။ ဆံပင်ကို လက်နဲ့ ခံစားပါ

သင့်ဆံမြိတ်ကို သင်မြင်ရတဲ့ ရှေ့မှာ ထားပြီး လက်နှစ်ချောင်းကြားထဲ ညှပ်မယ့် ဆံပင်ကို ဖိထားပေးရပါမယ်။ ဒါဆိုရင် သင့်ဆံမြိတ် ညီမညီ မြင်ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar