အသားအရေခြောက်သွေ့တဲ့သူတွေအတွက် အိမ်မှာ ကိုယ်တိုင်လုပ်လို့ရမယ့် အိမ်တွင်းဖြစ် Scrub လုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ Budget ချွေတာချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်သလို လုပ်ရတာလည်း လွယ်ကူပါတယ်။ အားလုံးက အသားခြောက်တာ သက်သာစေပြီး အသားအရေ စိုပြည်စေတာကြောင့် ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
Coffee Grounds Scrub
ကော်ဖီကြမ်းအမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး Skin မှာ Circular Motion ပွတ်ပေးပါ။ ၅ မိနစ်လောက် ပွတ်ပေးပြီးရင် ရေဆေးချလိုက်ရုံပါပဲ။
Cleansing Cream နဲ့ Sugar Scrub
Cleansing Cream – စားပွဲတင်ဇွန်း ၁ ဇွန်းကို Sugar Scrub – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး Skin ကို ဖြေးဖြေးချင်းစီ Circular Motion ပွတ်ပေးပါ။ ခဏလောက်ပွတ်ပေးပြီးရင် ရေနဲ့သေချာသန့်စင်ပေးပါ။
Green Tea နဲ့ Honey Scrub
Green Tea အမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး Scrub လုပ်ပေးရမှာပါ။ ပြီးရင်တော့ ရေနဲ့သေချာသန့်စင်ပေးပါ။
Coconut Oil နဲ့ Lemon Scrub
အုန်းဆီ – ခွက်တစ်ဝက်စာကို သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး Scrub လုပ်ပေးရုံပါပဲ။ ပြီးရင်တော့ ရေနဲ့သေချာပြန်သန့်စင်ပေးပါ။
Almond Meal Scrub
Almond Meal – ခွက်တစ်ခွက်စာကို Almond Oil (သို့) Olive Oil – ခွက်တစ်ဝက်စာနဲ့ ရောမွှေပြီး Scrub တိုက်ပေးရမှာပဲဖြစ်ပါတယ်။ Oil များတာကြောင့် ရေနဲ့ပဲ သန့်စင်တာမျိုး မလုပ်ပဲ မျက်နှာဆိုရင် မျက်နှာသစ်ဆေးနဲ့ ပြန်သစ်ပေးပါ။ Body ဆိုရင်တော့ ဆပ်ပြာတိုက်ပေးပါ။