90s မှာ ခေတ်စားခဲ့တဲ့ Y2K ဖက်ရှင် Wide-Leg Jeans တွေက အခုပြန်ပြီးခေတ်စားနေပါပြီ။ ဒီလို Wide-Leg Jeans တွေကို ဖက်ရှင်ကျကျဝတ်ချင်တဲ့ ပျိုမေတွေအတွက် Wide-Leg Jeans Outfits များကို ဖော်ပြလိုက်ပါတယ်။
White Tee
ရိုးရှင်းတဲ့အဖြူရောင် တီရှပ်အင်္ကျီနဲ့တွဲဝတ်တာက အခြေခံအကျဆုံးဖက်ရှင်ပါပဲ။
Y2K Cutout Top
Wide-Leg Jeans ကို Y2K Cutout Top နဲ့တွဲဝတ်တာကလည်း နွေရာသီဖက်ရှင်ခေတ်ရေစီးကြောင်းရဲ့ သင်္ကေတတစ်ခုပါပဲ။
Cropped Blazer
Sweaters ဒါမှမဟုတ် Blazers နဲ့တွဲဝတ်လိုက်တာက ရဲရင့်တဲ့အသွင်ဖြစ်စေမှာပါ။
Halter Top
စတိုင်လ်ကျကျဖြစ်ချင်ရင်တော့ Halter Top က အသင့်တော်ဆုံးပါပဲ။
Knotted Top
ရှပ်အင်္ကျီရဲ့ကြယ်သီးအောက်ကို ခါးမှာ ချည်ထားတဲ့ပုံစံကလည်း Wide-Leg Jeans နဲ့ သင့်တော်တဲ့ဖက်ရှင်ပါ။
Oversized Button-Down
ကြယ်သီးအောက် တစ်ဝက်လောက်ဘဲ တပ်ထားတဲ့ပုံစံ အင်္ကျီနဲ့ဆို သင့်အသွင်အပြင်ကို အမိုက်စားဖြစ်စေမှာပါ။
Corset Top
Wide-Leg Jeans နဲ့ Corset Top ဆိုတာက နွေရာသီဖက်ရှင်ရဲ့ အဓိကပါပဲ။
Tube Top
ရိုးရိုးရှင်းရှင်း နွေရာသီနဲ့ ကိုက်ညီတဲ့ဖက်ရှင်ကို ရွေးချယ်ဖို့အတွက်ဆို Tube Top လေးဝတ်ပြီး Blazer ဒါမှမဟုတ် Open Statement Jacket လေး ဝတ်လိုက်ပါ။