ဝက်ခြံထွက်ပြီးရင် ကျန်ခဲ့တဲ့ Acne Scars တွေက များနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် Acne Scars တွေ အမြန်ဆုံးပျောက်သွားအောင် သုံးပေးလို့ရတဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာ တစ်မျိုးကိုပဲ ရွေးချယ်နိုင်ပါတယ်။
Chemical Peeling
Chemical Peeling လုပ်မယ်ဆိုရင် အပေါ်ယံ Dead Skin Layer ကို အသစ်ပြန်ဖြစ်စေပြီး အမဲစက်နဲ့ Acne Scars တွေ သိသိသာသာ သက်သာပျောက်ကင်းသွားစေပါတယ်။ အမြန်ဆုံးနည်းလမ်းကြိုက်ရင်တော့ Chemical Peeling ကိုသာ ရွေးချယ်ပါ။
Mild Exfoliation
ကိုယ်သုံးနေကျ Skincare Step တွေထဲမှာ Mild Exfoliation ကို တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း Acne Scars တွေ ပါးပြီး ပျောက်သွားစေပါတယ်။ ပြင်တဲ့ Exfoliation ကျတော့လည်း အသားအရေ ထိခိုက်စေပါတယ်။
Vitamin C
အမဲစက်နဲ့အမာရွတ်အတွက်ဆိုရင် Vitamin C က နာမည်ကြီးပါပဲ။ အသားအရေကို ပုံမှန်ထက်ပိုပြီး Bright ဖြစ်လာစေတယ်၊ ကြည်ပြီးဖြူလာစေတယ်။ အမဲစက်နဲ့ အမာရွတ်တွေ ပါးပြီး ပျောက်သွားစေပါတယ်။
Retinoid
ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်အတွက် Retinoid ကလည်း အရမ်းကောင်းပါတယ်။ ဝက်ခြံတွေသက်သာဖို့ မြန်စေသလို ဝက်ခြံထွက်ပြီးကျန်ခဲ့တဲ့ Acne Scars တွေပျောက်တာလည်း မြန်ပါတယ်။
Niacinamide
Niacinamide ကလည်း ဝက်ခြံတွေသက်သာပြီး အမဲစက်နဲ့ Acne Scars တွေ သိသိသာသာ ပါးပြီး ပျောက်သွားစေပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေလည်း ကြည်လာစေပါတယ်။