မင်္ဂလာပါ.. ပျိုမဒီတို့ရေ… မိန်းကလေးတိုင်းက လှပပြီး နူးညံ့တဲ့ ခြေထောက်လေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့် စျေးကြီးတဲ့ အလှကုန်ပစ္စည်းတွေအတွက် ပိုက်ဆံကုန်မယ့်အစား ရိုးရိုးရှင်းရှင်းနဲ့ ပါဝင်ပစ္စည်း 2 မျိုးတည်းသုံးပြီး လုပ်လို့ရတဲ့ Natural Foot Care Mask လုပ်နည်းကို ဝေမျှလိုက်ပါတယ်။
- Mask မလိမ်းခင် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ သေချာဆေးကြောပြီး ခြောက်အောင်ထားပါ။
- ငှက်ပျောသီးကို ကြေအောင်ချေလိုက်ပါ။ ငှက်ပျောသီးထဲကို ပျားရည်တစ်ဇွန်းထည့်ပြီး နှံ့စပ်အောင်ရောမွှေပါ။
- မွှေထားတဲ့ငှက်ပျောသီးကို ခြေထောက်မှာလိမ်းပေးပါ။ လိမ်းတဲ့အခါ Mask ကို အရေပြားထဲစိမ့်ဝင်အောင် ကောင်းကောင်းပွတ်ပေးပါ။
- သေချာစိမ့်ဝင်စေဖို့ အနည်းဆုံး 15 မိနစ်မှ 20 မိနစ်ခန့် ထားပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပြီး ခြေထောက်ကို သေချာခြောက်အောင်ထားပါ။