မင်္ဂလာပါ… ပျိုမဒီတို့ရေ….. အိမ်မှာလက်သည်းနီကိုဖြတ်ဖို့ လက်သည်းဖြတ်ဆေးကုန်နေရင် လက်သည်းဖြတ်ဆေးမရှိ်ဘူးဆိုရင် အိမ်မှာရှိတဲ့ ဒီပစ္စည်းတွေကို သုံးကြည့်ပါ။ ဘေးကင်းပြီး သုံးရလွယ်ကူပါတယ်။
သွားတိုက်ဆေး
လက်သည်းတစ်ချောင်းစီကို Cotton Ball သုံးပြီး သွားတိုက်ဆေးပမာဏကို ဖြန့်ပေးပါ။ Nail File နဲ့ လက်သည်းနီတွေကို ခြစ်ပေးပါ။ ပြီးရင် လက်ကိုဆေးလိုက်ပါ။ လိုအပ်ရင် ထပ်လုပ်ပါ။
လက်သန့်ဆေး
လက်ချောင်းထိပ်တွေကို ကြက်သီးနွေးရေထဲမှာ မိနစ် 20 လောက် အရင်စိမ်ပေးပါ။ ပြီးမှ ဂွမ်းလုံးတစ်လုံးကို လက်သန့်ဆေးရည်နဲ့ လက်သည်းတွေ အရောင်မကုန်မချင်း ထပ်ခါထပ်ခါ သုတ်ပေးပါ။
လိမ္မော်ရည်နဲ့ ရှာလကာရည်
လိမ္မော်ရည်နဲ့ အဖြူရောင်ရှာလကာရည်တို့ကို ရောမွှေထားတဲ့ အရောအနှောထဲမှာ ဂွမ်းလုံးတစ်လုံးကို နှစ်ပြီး လက်သည်းပေါ် ဖိပြီး 10-15 စက္ကန့်လောက် ဖိထားပါ။ အရောင်ဖျော့လာပြီဆို လက်သည်းတစ်ချောင်းစီပေါ် ဂွမ်းဘောလုံးနဲ့ ညင်သာစွာပွတ်ပေးပါ။
Hair Spray
Hair Spray ကို လက်သည်းပေါ်ကို ဖြန်းပြီး လက်သည်းနီတွေကို ဖယ်ရှားဖို့အတွက် ဂွမ်းလုံးတစ်လုံးစီနဲ့ ပွတ်ပေးပါ။
ရေမွှေး
မသုံးဖြစ်တော့တဲ့ရေမွှေးရှိရင် ဂွမ်းစလေးကို ရေမွှေးဖြန်းပြီး လက်သည်းတွေ အရောင်မကုန်မချင်း ပွတ်ပေးပါ။