အစိုဆုံးနဲ့ အမိုက်ဆုံး ဖြစ်နေကျ ပွဲတစ်ခုကတော့ ဆိုးလ်မြို့မှာ ကျင်းပနေကျ Waterbomb Festival ပါ။ ဒီ သုံးရက်တာကြာတဲ့ Waterbomb Festival ကို ၂၀၂၃ မှာ ထပ်ပြီး ကျင်းပခဲ့ပါတယ်။ ဒီပွဲက ဖျော်ဖြေတဲ့ Kpop Idol တွေကို ရေစိုစေတဲ့အပြင် ပရိတ်သတ်တွေပါ အတူတူ ရေစိုကြတာပါ။ သင်္ကြန်သဘောလို့ ပြောနိုင်ပါတယ်။ ဒီတော့ ဒီပွဲမှာ ရေစိုတဲ့ အလှနဲ့ Sexy အကျဆုံးဖြစ်ခဲ့တဲ့ Kpop Idol တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Sunmi

Waterbomb Festival တွေမှာ အမြဲ Viral ဖြစ်နေကျ Sunmi က ဒီတစ်ခေါက်ပွဲမှာလည်း အစိမ်းရောင် Crop Top၊ အဖြူရောင် စကပ်နဲ့ လန်းနေခဲ့ပြန်ပါတယ်။

၂။ STAYC

STAYC အဖွဲ့ဝင်အားလုံးက ဒီပွဲမှာ အတောက်ပဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး ဖြစ်ခဲ့တာပါ။ ဒီထဲမှာမှ Isa က အထူးခြားဆုံး ရတနာတစ်ပွင့်လို ဖြစ်နေခဲ့ပါတယ်။

၃။ GOT7’s BamBam

GOT7 အဖွဲ့ဝင် BamBam ကလည်း Waterbomb မှာ အသားပေါ်နေတဲ့ Sexy ဆန်ဆန် စတိုင်နဲ့ ဖျော်ဖြေခဲ့ပါတယ်။

၄။ Kwon Eunbi

Kwon Eunbi က Sexy ကျကျ Bikini Look နဲ့ ပရိတ်သတ်အားလုံး ပါးစပ်ဟောင်းရတဲ့အထိ ဆွဲဆောင်မှု ရှိခဲ့ပါတယ်။

၅။ BTOB’s Minhyuk

BTOB အဖွဲ့ဝင်တွေက ရယ်စရာကောင်းတဲ့ အဝတ်အစားပုံစံတွေနဲ့ စင်ပေါ်မှာ ဖျော်ဖြေခဲ့ပေမယ့် Minhyuk ကတော့ နှစ်ရှည်လများ လေ့ကျင့်ထားတဲ့ 6 Pack ခန္ဓာကိုယ်နဲ့ လန်းနေခဲ့ပါတယ်။

၆။ HyunA

HyunA ကတော့ ထုံးစံအတိုင်းပဲ Slay Queen ပီပီ Waterbomb ပွဲမှာ လန်းနေတာပါပဲ။

၇။ OH MY GIRL

OH MY GIRL အဖွဲ့ဝင် အားလုံးက Jean စတိုင်တွေနဲ့အတူ ပွဲနဲ့ လိုက်ဖက်စွာ လှနေခဲ့ကြပါတယ်။

၈။ GOT7’s Yugyeom

GOT7 အဖွဲ့ဝင် Yugyeom က အားကိုးစရာ ရင်ဘတ်ကြီးကို သိသာထင်ရှားစေတဲ့ အနက်ရောင် အသားကပ်အင်္ကျီကို ဝတ်ထားပါတယ်။

၉။ aespa

aespa အဖွဲ့ဝင်တွေက သူတို့ရဲ့ ပထမဆုံး Waterbomb ပွဲ ဖြစ်တာနဲ့အညီ နွေရာသီဆန်ဆန် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ စတိုင်တွေကို ဝတ်ဆင်ထားကြပါတယ်။

၁၀။ BIBI

BIBI က ဒီပွဲမှာတော့ Y2K စတိုင် ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ သူမက ဒီပွဲမှာ သူမရဲ့ ဖက်ရှင်ကြောင့် Viral ဖြစ်ခဲ့သလို Fan တစ်ယောက်ကို နမ်းခဲ့တာကြောင့်လည်း လူပြောများခဲ့ပါသေးတယ်။

Source: Koreaboo

By MyStyle Myanmar