သင်က လက်သည်းရှည်လွန်းတာကို မကြိုက်သလို လက်သည်းအတိုကို သိပ်သဘောမကျဘူးဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ လက်သည်းရှည်လွန်းတာက အလုပ်လုပ်ရတာ ခဲယဉ်းနိုင်သလို လက်သည်းတိုနေရင်လည်း လက်သည်းနီဆိုးတဲ့အခါ မထူးခြားနိုင်ပါဘူး။ ဒီတော့ အလယ်အလတ် အနေတော် အရှည်လေးက ပျိုမေတို့နဲ့ အဆင်ပြေပါလိမ့်မယ်။ ဒါ့အပြင် အလယ်အလတ် လက်သည်းအရှည်က Elegant Lady တွေနဲ့ လိုက်ဖက်တဲ့ အရှည်ပါ။ ဒီတော့ ဒီလိုလက်သည်းပုံစံလေးတွေနဲ့ လိုက်ဖက်မယ့် လက်သည်းနီအရောင်နဲ့ လက်သည်းနီ ဒီဇီုင်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ အနီရောင်ကိုမှ Transparent ဖြစ်တဲ့ အရောင်လေးက သင့်လက်ကလေးကို ကြည်ကြည်လင်းလင်းလေး ဖြစ်စေပါလိမ့်မယ်။
၂။ မိန်းကလေးဆန်တဲ့ ထူးထူးခြားခြား ပန်းရောင်လေးက ပျိုမေတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်လေး ဖြစ်ပါလိမ့်မယ်။
၃။ အညိုဘက်သွားတဲ့ အရောင်စိုစိုလေးကို ပျိုမေတို့ တစ်ခါလောက် ဆိုးကြည့်သင့်ပါတယ်။
၄။ မိန်းကလေးဆန်တဲ့ ပန်းရောင်၊ အနီရောင်တွေဘက် မသွားချင်ရင် ဒီအရောင်လေးကို ပျိုမေတို့ နှစ်သက်ပါလိမ့်မယ်။
၅။ မီးခိုးရောင်လေးကို ပျိုမေတို့ အများစု နှစ်သက်ကြပြီး ပျိုမေတို့ကို Classic ဆန်ဆန် Vibe လေး ပေးနိုင်ပါတယ်။
၆။ အဖြူရောင်လေးက ပျိုမေတို့ ဆိုးနေကျ မဟုတ်ပေမယ့် တစ်ခါလောက်တော့ Try ကြည့်သင့်တဲ့ အရောင် ဖြစ်ပါတယ်။
၇။ ပန်းရောင်အဖျော့လေးက သင့်လက်ကလေးကို ဖွေးစေမယ့်အပြင် ဖယောင်းသားလေးလို နူးညံ့တဲ့ ပုံစံလေး ရစေပါလိမ့်မယ်။
၈။ ပန်းရောင်ကိုမှ ပုလဲလေးတွေ ထည့်ထားတဲ့ ပုံစံလေးက ဆိုင်မှာပဲ ဆိုးနိုင်မယ့် ပုံစံလေးပါ။
၉။ အကြည်ရောင်လေးက သဘာဝဆန်တဲ့အပြင် ထိပ်က အပိတ်စတိုင်လေးက လက်သည်းမတိုမရှည် ပျိုမေတို့နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်။
၁၀။ ထူးခြားတဲ့ ဒီအရောင်လေးက သင့်လက်ကလေးကို အလှဆုံးဖြစ်စေမယ့်အပြင် ဘယ်နေရာရောက်ရောက် သင့်ကိုယ်သင် ယုံကြည်မှု ရှိစေပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar