သင့်သူငယ်ချင်းတွေထဲမှာ တစ်ဖက် အမျိုးသားနဲ့ သဘောမတူနိုင်လောက်အောင် သူငယ်ချင်းမိန်းကလေးက အဖက်ဖက်မှာ ပိုပြည့်စုံနေတာမျိုး မြင်ဖူးလား။ ဒီထက်ပိုကောင်းတဲ့သူမျိုးနဲ့ သာပါတယ်လို့ အမြဲ တွေးရတဲ့အထိ သင့်သူငယ်ချင်းကို အားမလို အားမရ ဖြစ်ဖူးလား။
ကိုယ်လက်ရှိတွဲနေတဲ့သူထက် ကိုယ်က ပိုသာကြောင်း၊ ဒီထက် ပိုသာတဲ့သူနဲ့ ကိုယ်က ထိုက်တန်ကြောင်း ပြသနေတဲ့ အချက်တွေ ရှိပါတယ်။ ဒီတော့ ဘယ်အချက်တွေက သင်က ပိုသာနေကြောင်း၊ ပိုကောင်းတာနဲ့ ထိုက်တန်ကြောင်း သိနိုင်ဖို့ ပြသနေတဲ့ လက္ခဏာတွေကို ကြည့်လိုက်ရအောင်-
၁။ သူက သင့်သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တွဲဖူးတယ်
သင်က သင့်ချစ်သူနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေဆီမှာ ငြီးလိုက်မိတာနဲ့ “ငါ့တုန်းကလည်း သူက အဲ့လိုပဲ” ဆိုတဲ့ စကားကို သင်ကြားချင်မှာ မဟုတ်ပါဘူး။ သူက သင်နဲ့နီးစပ်ရာတွေနဲ့ တွဲဖူးတယ်ဆိုရင် ဒါက မဟုတ်သေးပါဘူး။
၂။ ဘောပွဲ ပရိတ်သတ်
အားကစားပွဲ၊ ဘောလုံးပွဲကို ကြိုက်တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ်အားပေးတဲ့ အသင်းမနိုင်တာနဲ့ တစ်ပတ်လုံး ငြူစူပြီး သင့်ကိုပါ ဒေါသထွက်နေမယ်၊ ပြဿနာရှာမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။
၃။ သူက ဘယ်မှာမှ ပိုက်ဆံမရှင်းဘူး
သူက သင်နဲ့ ဒိတ်တဲ့အချိန်တိုင်း ပိုက်ဆံ ထုတ်မသုံးပါဘူး။ သင်ကပဲ ရှင်းရတတ်ပါတယ်။ စုံတွဲတိုင်းမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းပုံ အမျိုးမျိုး ရှိပါတယ်။ သင့် လက်ရှိတွဲနေသူက ငွေထုတ်မရှင်းတတ်သူဆိုရင်တော့ မဟုတ်သေးပါဘူး။
၄။ သူ့အလုပ်
အသက် ၂၅ ကျော်လာရင် အမျိုးသား အများစုမှာ အလုပ်အတည်တကျ တစ်ခုရှိသင့်ပါတယ်။ သင့် လက်တွဲဖော်မှာတော့ ဘာအလုပ်မှ မယ်မယ်ရရ မရှိသေးဘူးဆိုရင် သင့်အတွက် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။
၅။ Relationship Status
သူက သူ့မှာ ရည်းစားရှိကြောင်းကို Social Media မှာ ချမပြချင်ရင် ဒါမှမဟုတ် သင့်မိသားစုနဲ့ တွေ့ဖို့ ငြင်းဆန်နေသေးတယ်ဆိုရင် သူက သင့်အပေါ် သိပ်မချစ်သေးတာ သိသာနေပါတယ်။
၆။ ပိုက်ဆံချေးတတ်တယ်
သင့်ဆီက နည်းနည်းဆီ သူက ဖဲ့ယူပြီး ချေးပါတယ်။ ချေးပြီးရင်လည်း ပြန်ဆပ်ဖို့ မေ့ချင်ယောင်ဆောင်တတ်ကြပါတယ်။ သူ့ဘက်က ပြန်ဆပ်မယ် ကတိပေးထားပေမယ့် သင့်လက်ထဲ ရောက်မလာရင်တော့ သင်က သူနဲ့ ရေရှည်တွဲဖို့ ပြန်စဉ်းစားသင့်ပါတယ်။
ဒီအချက်ထဲက တစ်ချက်ချက် ငြိနေတယ်ဆိုရင်တော့ သင်က သူ့ထက် ပိုသာကြောင်း ပြသနေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar