နေ့တိုင်း Skincare လုပ်ပေးရမယ်ဆိုပေမယ့် ပျင်းနေတဲ့သူတွေအတွက် တခြားအရာတွေ မလိမ်းရင်တောင်၊ မလုပ်ရင်တောင်မှ ဒီ Skincare Step 5 ခု ကိုတော့ မမေ့မလျော့ပဲ သေချာလုပ်ပေးသင့်ပါတယ်။ ဒါမှ အသားအရေမပျက်စီးပဲ ပုံမှန်လေးထိန်းသိမ်းပြီးသား ဖြစ်နေမှာပါ။

Cleansing

Cleansing Step က လုံးဝကျော်လို့မဖြစ်ပါဘူး။ မနက်ပိုင်းမှာတော့ ဒီတိုင်းမျက်နှာသစ်လိုက်ရုံပဲဆိုပေမယ့် ညပိုင်းမှာတော့ Cleansing Water or Makeup Remover တစ်ခုခုနဲ့ သေချာသန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ ဒါမှ အညစ်အကြေးတွေ သေချာပြောင်မှာပါ။ Cleansing Step ကို သေချာမလုပ်ရင် ဝက်ခြံနဲ့အဆီဖုတွေ ထွက်လွယ်မယ်၊ မျက်နှာအသားအရေ ညစ်လာပါမယ်။

Toner

Toner ကို မနက်၊ ည သုံးပေးသင့်ပါတယ်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Toner မျိုးသုံးပေးရင် ရပါပြီ။

Moisturizer

Moisturizer ကလည်း မနက်၊ ည သေချာသုံးပေးရမယ့်အရာ ဖြစ်ပါတယ်။ Moisturizer ကို Hydrating ကောင်းကောင်းပေးနိုင်တာမျိုး၊ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုး သေချာရွေးသုံးပါ။ ဒါမှ အသားအရေက ရေဓာတ်ပြည့်ဝပြီး စိုပြည်လာမှာပါ။ Moisturizer မလိမ်းရင် အသားအရေမွဲခြောက်ပြီး မိတ်ကပ်လိမ်းလို့လည်း အဆင်မပြေပါဘူး။

Eye Cream

မမေ့မလျော့လိမ်းရမယ့် Skincare Step တွေထဲမှာ ဘာကြောင့် Eye Cream ကို ထည့်ရလဲဆိုရင်တော့ မျက်လုံးနားတစ်ဝိုက် အသားအရေက ခြောက်သွေ့ပြီး မျက်ကွင်းညိုနေရင်၊ အရေးအကြောင်းတွေ ပေါ်နေရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်စေတယ်၊ ပင်ပန်းနွမ်းနယ်နေသလို ဖြစ်စေပါတယ်။ ဒါကြောင့် Eye Cream ကောင်းကောင်းလေး သေချာလိမ်းပေးဖို့က အရမ်းအရေးကြီးပါတယ်။

Sunscreen

ညနေစောင်းနဲ့ ညဘက်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ Sunscreen လိမ်းရပါမယ်။ Skincare တွေအစုံလိမ်းနေပြီး Sunscreen မလိမ်းရင် အသားအရေက ပိုတောင်ပျက်စီးပြီး ထိခိုက်လွယ်လာမှာပါ။ အသက်ကြီးလာရင်လည်း တင်းတိတ်နဲ့မှဲ့ခြောက်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Sunscreen သေချာလိမ်းပေးပါ။