အိပ်မပျော်တဲ့ Insomnia ကို ခံစားနေရတဲ့သူတွေ လုပ်သင့်တဲ့ Yoga 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ သိပ်ပြီးခက်ခဲတာမျိုးတွေလည်း မဟုတ်တဲ့အတွက် လူတိုင်းလုပ်ဖို့ အဆင်ပြေမှာပါ။ အိပ်မပျော်ရင် အိပ်ရေးပျက်ပြီး နောက်ဆက်တွဲက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်တာကြောင့် အချိန်နည်းနည်းဖဲ့ပေးပြီး ဒီ Yoga တွေကို လုပ်ကြည့်ပါ။

1. Big Toe Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း 1 မိနစ်မှ 3 မိနစ်အထိနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

2. Bound Angle Pose

ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း နေပေးပါ။ အဲ့အတိုင်း 1 မိနစ်နေပြီး ခုနကလိုပဲ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။

3. Extended Puppy Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း 1 မိနစ်နေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီ Pose မှာတော့ ဒူးထောက်ပြီး ခါးကြောကလည်း ဆန့်တန်းနေရပါမယ်။ လက်နှစ်ဖက်ကိုလည်း အရှေ့ကိုဆန့်ထုတ်ထားရမှာပါ။

4. Supine Twist

ပုံမှာလုပ်ပြထားသလို တစ်စောင်းနေပြီး ဒူးကွေးထားပါ။ ပြီးရင် ဒူးနဲ့ဆန့်ကျင့်ဘက်ကို မျက်နှာလှည့်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ထားပါ။ အဲ့အတိုင်း 1 မိနစ်လောက်နေပေးပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးပါ။

5. Legs Up the Wall

နံရံမှာခြေထောက်ကိုကပ်ပြီး မြှောက်ထားပါ။ အဲ့လို ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။ ဒီ Yoga Pose နဲ့ အနည်းဆုံး 5 မိနစ်မှ အများဆုံး 15 မိနစ်အထိ နေပေးရမှာ ဖြစ်ပါတယ်။