Wonyoung က ပိန်ပိန်သွယ်သွယ်နဲ့ ချစ်ဖို့ကောင်းပြီး ထူးခြားတဲ့ အလှကို ပိုင်ဆိုင်ထားသူပါ။ အဖွဲ့ရဲ့ Visual တစ်ယောက်ဖြစ်တာကြောင့် သီချင်းအများစုမှာ သူမ အလှည့်လာရင် လူတိုင်းက စိတ်ဝင်စားရတဲ့အထိပါပဲ။ သင်က Wonyoung လို မျက်နှာလေး ရဖို့ Wonyoung မိတ်ကပ်လိမ်းသလိုပဲ လေ့လာပြီး လိုက်လိမ်းကြည့်နိုင်ပါတယ်။ ဒီတော့ Wonyoung လို Youthful Makeup Look လေးရဖို့ မိတ်ကပ်လိမ်းနည်းကို ကြည့်လိုက်ရအောင်နော်-

၁။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ

ဖောင်ဒေးရှင်းကို သင့်မျက်နှာအလယ်တည့်တည့်ကနေ စတင်ပြီး လိမ်းပေးသင့်ပါတယ်။ ဒီလိုဆိုရင် အလယ်က နေရာလေးက ပိုလင်းကာ လှနေပါလိမ့်မယ်။ ပြီးရင် Blend လုပ်တဲ့အခါ အပြင်ဘက်ဆီ သွားတဲ့ Direction နဲ့ Blend ပေးရပါမယ်။

၂။ မျက်ခုံးအမြီး

သူမရဲ့ Makeup Look တွေထဲမှာ မျက်ခုံးက အောက်ဘက်သွားတဲ့ Direction နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် မျက်ခုံး အောက်ဘက်ငိုက်သွားတဲ့ပုံစံ ခြယ်ပေးရပါမယ်။

၃။ Eyeshadow ခြယ်တဲ့အခါ

မျက်ခွံပေါ်မှာ Eyeshadow ခြယ်တဲ့အခါ ပန်းရောင်ကို သုံးပေးရပါမယ်။ အောက်ဘက် Lashline ကိုတော့ အပြင်ဘက် တစ်ဝက်လောက်ပဲ ခြယ်ပေးရပါမယ်။ Aegyosal Area ကိုတော့ မခြယ်ရပါဘူး။

၄။ Eyeliner ခြယ်တဲ့အခါ

Eyeliner ကို မျက်တောင်တွေကြားထဲ မျက်လုံးနဲ့ကပ်ပြီး ခြယ်ပေးရပါမယ်။ ဒီလိုခြယ်တာက Eyeliner ပုံစံကို ပိုသဘာဝကျစေပါတယ်။ Eyeliner Direction ကတော့ အောက်ဘက်ကွေးသွားတဲ့ Direction နဲ့ပါ။

၅။ Dark Eyeshadow

Dark Eyeshadow ကို ယူကာ Eyeliner ခြယ်ထားတဲ့ နေရာပေါ်လိုက် Blend ပေးရပါမယ်။

၆။ Aegyosal နေရာပေါ်

Shimmer Eyeshadow ကို မျက်လုံးအောက် မျက်အိတ် Aegyosal အနေနဲ့ ခြယ်ပေးရပါမယ်။

၇။ မျက်လုံးအတွင်းထောင့်နဲ့ မျက်လုံးထောင့်အောက်ဘက်

မျက်လုံးအောက်ဘက် အတွင်းထောင့်နဲ့ အောက်ဘက် အပြင်ထောင့်ကို Eyeshadow အနက်ရောင်ကို ပါးပါးလေး ခြယ်ပေးရပါမယ်။ ပြီးနောက် အပြင်ဘက်ကို တစ်ဖြောင့်တည်း သွားသလို ခြယ်ပေးရပါမယ်။ အပေါ်မျက်ရစ်ပေါ်အောင် မျက်ရစ်ကနေ အပြင်ဘက် ချဲ့ကာ ခြယ်ပေးရပါမယ်။

၈။ Aegyosal Liner

နောက်တဆင့်အနေနဲ့တော့ Aegyosal လေး ပေါ်အောင် Liner နဲ့ မျက်အိမ်အောက်ဘက်ပဲ ဆွဲပေးရပါမယ်။ Teary Eye Look လေး လိုချင်ရင် Glitter ကို မျက်လုံးအောက် ထပ်ထည့်နိုင်ပါတယ်။ မျက်ခွံပေါ် Glitter Eyeshadow ထပ်လိမ်းပေးရပါမယ်။

၉။ Blusher အဆင့်

Blusher ကို မျက်လုံးအောက်ဘက်ကနေ ခြယ်ပေးရပါမယ်။

၁၀။ Contour

နှာခေါင်းထိပ်မှာ တြိဂံပုံစံလေး ရအောင် Contour လုပ်ရပါမယ်။ ပြီးနောက် အပေါ် မျက်ခုံးဘက်ဆီ Blend ပေးရပါမယ်။ နောက်ထပ် Contour လုပ်ရမယ့် နေရာကတော့ မျက်နှာဘေးဘက်ပါ။

၁၁။ နှုတ်ခမ်းနီအဆင့်

နှုတ်ခမ်းအရောင်ကို အရင် Concealer နဲ့ ဖုံးပေးရပါမယ်။ နှုတ်ခမ်းအလယ်မှာ ပန်းရောင် နှုတ်ခမ်းနီဆိုးပေးရပါမယ်။ နှုတ်ခမ်းအပြင်ဘက်ကိုတော့ ပန်းရောင် Eyeshadow နဲ့ Blend ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar