T-Zone အဆီပြန်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် T-Zone အဆီပြန်တာ သက်သာစေဖို့ သုံးပေးသင့်တဲ့ Skincare တွေကို ဖော်ပြပေးလိုက်ပါတယ်။
Cleanser
Cleanser ကတော့ မရှိမဖြစ်ပါပဲ။ သုံးတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ အဆင်ပြေတာ T-Zone အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတာမျိုးတွေကို သုံးပေးသင့်ပါတယ်။
Toner
T-Zone အဆီပြန်တဲ့သူတွေက T-Zone ကလွဲပြီး ကျန်တဲ့နေရာ ပါးနေရာတွေက အသားခြောက်ပါတယ်။ ဒီတော့ Toner သုံးတဲ့အခါမှာလည်း သေချာရွေးသုံးရပြန်ပါတယ်။ ဥပမာ – Caudalíe’s Vinopure Purifying Toner ဆိုရင် T-Zone အဆီပြန်တဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။
Moisturizer
T-Zone အဆီပြန်လို့ Moisturizer မသုံးပဲမနေပါနဲ့။ T-Zone နေရာကလွဲပြီး ပါးနေရာတွေကို ပိုလိမ်းပေးပါ။ Gel Type Moisturizer မျိုးဆို ပိုအဆင်ပြေပါတယ်။
Sunscreen
Sunscreen သုံးတဲ့အခါမှာတော့ Combination Skin, Oily Skin တွေနဲ့ အဆင်ပြေတာမျိုးကို သုံးလို့ရပါတယ်။ Sunscreen ကတော့ မဖြစ်မနေသုံးရမှာမို့ ကျော်သွားလို့မရပါဘူးနော်။
Serum
အဆီပြန်လို့ Serum သုံးရင် ပိုအဆီပြန်သွားမလားဆိုပြီး မတွေးပါနဲ့။ Oily Skin တွေနဲ့ T-Zone အဆီပြန်တဲ့သူတွေက The Ordinary Niacinamide 10% + Zinc 1% နဲ့ အဆင်ပြေပါတယ်။ ချွေးပေါက်ကျဉ်းစေပြီး အဆီပြန်တာလည်း ထိန်းပေးပါတယ်။ အသားအရေလည်း ကြည်လာစေပါတယ်။
Clay Mask
T- Zone အဆီပြန်ရင် Clay Mask အမြဲသုံးပါ။ Clay Mask က အဆီပြန်တာသက်သာစေပြီး ချွေးပေါက်လည်း ကျဉ်းစေတယ်၊ ဝက်ခြံမထွက်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။
Gentle Exfoliating
T-Zone အဆီပြန်တဲ့သူက Exfoliating အရမ်းလုပ်ရင်လည်း ချွေးပေါက်တွေပိုကျယ်လာပြီး ပိုအဆီပြန်လာစေပါတယ်။ ဒါပေမယ့် Exfoliating လုပ်ပေးမှလည်း ချွေးပေါက်ထဲအထိ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒီတော့ T-Zone အဆီပြန်တဲ့သူက ပျော့တဲ့ Gentle Exfoliating ကို တစ်ပတ်တစ်ခါ လုပ်ပေးပါ။
Oil-Blotting Sheets
အရမ်းအဆီပြန်ရင် Oil-Blotting Sheets လေးတွေ သုံးပေးနိုင်ပါတယ်။