မင်္ဂလာပါ… ပျိုမဒီတို့ရေ… ပူလွန်းတဲ့ရာသီဥတုကြောင့် ဉီးရေပြားမှာ ချွေးတွေထွက်ပြီး လေပူတွေကြောင့် ဆံပင်တွေက ခြောက်သွေ့နေတယ်လို့ ခံစားနေရပြီလား ? ပူပြင်းတဲ့နွေရာသီတစ်လျှောက်လုံး ဓာတုကင်းစင်တဲ့ သဘာဝနည်းလမ်းများများနဲ့ ဆံပင်ကို ထိန်းသိမ်းလို့ရပါတယ်။ ဆံပင်ကို အပူ၊ နေနှင့် စိုထိုင်းဆတွေက ကာကွယ်နိုင်တဲ့ နည်းလမ်းများကို ဝေမျှလိုက်ပါတယ်။

အုပ်ထားပါ

နေပူထဲထွက်တဲ့အခါ ခေါင်းကိုဖုံးဖို့ ပဝါ ဒါမှမဟုတ် ဦးထုပ်ကိုသုံးပါ ။ ဦးထုပ်က လေပူကြောင့် ဆံပင်ပျက်စီးမှုကို လျှော့ချပေးပြီး အထူးသဖြင့် အရောင်ဆိုးထားသော ဆံပင်များကို နေအပူဒဏ်ကနေ ကာကွယ်ပေးပါတယ်။

ပေါ့ပေါ့ပါးပါးစည်းထားပါ

နွေရာသီအပူရှိန်ကြောင့် ဆံပင်ခြောက်သွေ့နေရင် ဒါမှမဟုတ် လေပူတွေကြောင့် ဆံပင်တွေရှုပ်ပွနေတယ်ဆိုရင် ဆံပင်ကို ထိန်းထာဖို့နဲ့ နေရောင်ခြည်ထိတွေ့မှုကနေ နည်းပါးစေဖို့အတွက် အကောင်းဆုံးက သက်တောင့်သက်သာရှိတဲ့ ပုံစံများနဲ့ စည်းထားပါ။

အပူကိုလျှော့ချပါ

ဆံပင်ကို တတ်နိုင်သမျှ သဘာဝလေနဲ့ အခြောက်ခံဖို့ ကြိုးစားပါ။ နွေရာသီမှာ သိသိသာသာ အပူချိန်မြင့်နေတာမလို့တတ်နိုင်သမျှ လေမှုတ်စက်ကို ခဏနားပြီး သဘာဝအတိုင်း ခြောက်အောင်ထားလိုက်ပါ။

Spritz & Seal

အစိုဓာတ်နည်းနည်းလိုတဲ့အခါတိုင်း ရေ၊ ရှားစောင်းလက်ပတ်၊ ထောပတ်သီးဆီတို့ကို ရောမွှေပြီး ဆံပင်ကို ဖြန်းပေးပါ။ ဒါမှမဟုတ် ရေနဲ့ရောထားတဲ့ argan oil ကို ဖြန်းပေးပါ။

ပျော့ဆေးသုံးပေးပါ

 

Natural Conditioner အနေနဲ့ ပန်းသီးရှာလကာရည်နဲ့ ရေရောထားတာကို သုံးပြီးဆေးပေးပါ။

ရေမကူးခင် ရေစိုအောင်လုပ်ပါ

ရေကူးကန်မှာ စိုနေတဲ့ဆံပင်တွေကို ပန်းသီးရှာလကာရည် 1⁄4 ခွက်နဲ့ ရေ 2 ခွက်နဲ့ ဆေးကြောပေးပါ။ ဒါမှမဟုတ် ရေမကူးခင်မှာ ဆံပင်ကို ရေစိုအောင် လုပ်ထားရင် ကလိုရင်းကို များများစားစား စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

Sunscreen သုံးပါ

ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ ခေါင်းလျှော်ရည်တွေ ရှိပါတယ်၊ ဒါပေမယ့် အများစုကတော့ ဓာတုဗေဒနည်းအရ ပါ၀င်တဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်ဖို့ အကြံပြုချင်ပါတယ်။ အလွယ်ဆုံးနည်းကတော့ ခန္ဓာကိုယ်ကို Sunscreen ပြီးရင် လက်မှာပေနေတဲ့ Sunscreen နဲ့ ဆံပင်ကို ပွတ်လိုက်ပါ။

ဆီသုံးပါ

အုန်းဆီ ၊ သံလွင်ဆီနဲ့ ထောပတ်သီးအဆီတွေက ဆံကေသာထဲ ထိုးဖောက်ပြီး ဆံသားကို ကောင်းမွန်စေပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားကနေအဖျားအထိ လိမ်းပေးပြီး နာရီဝက်လောက်နေမှ ခေါင်းလျှော်ပါ။ ပြီးမှ ပုံမှန်အတိုင်း အအေးခံပါ။