သင်က ကြည်လင်ချောမွေ့တဲ့ အသားအရေကို လိုချင်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အသားအရေ လှမယ်ဆိုရင် မိတ်ကပ် မလိမ်းရင်တောင် လှနေနိုင်ပါတယ်။ ဒီလိုအမြဲ လှနေဖို့ နေ့တိုင်း မဖြစ်မနေ လုပ်သင့်တဲ့ Routine အဆင့်တွေ ရှိပါတယ်။ ဘယ်အဆင့်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-
၁။ Cleansing အဆင့်
မျက်နှာကို Cleansing လုပ်တဲ့အခါ Double Cleansing နည်းလမ်းကို လိုအပ်ပါတယ်။ Cleansing အဆင့်ကို မှန်မှန်ကန်ကန် လုပ်ပေးမယ်ဆိုရင် သင့်အသားအရေပေါ်က အဆီ၊ အညစ်အကြေးတွေ ပါသွားပြီး နူးညံ့လာစေပါလိမ့်မယ်။
၂။ Toner
မျက်နှာသစ်ပြီးလို့ နောက်တစ်ဆင့် အနေနဲ့ Toner သုံးရပါမယ်။ Toner အဆင့်ကို လုံးဝ မကျော်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ Toner က အသားအရေ pH Level ကို ထိန်းညှိပေးပြီး အသားအရေ အစိုဓာတ်ရစေပါတယ်။ ချွေးပေါက်ကျဉ်းစေကာ အသားအရေ တင်းရင်းစေနိုင်ပါတယ်။
၃။ Serum
Toner လိမ်းပြီးရင်တော့ Serum သုံးနိုင်ပါပြီ။ Antioxidant Serum တွေက အသားအရေကို စိုပြေစေကာ အရွယ်တင် နုပျိုစေပါတယ်။ အထူးသဖြင့် Hyaluronic Acid Serum က မျက်နှာကို အစိုဓာတ်ပေးကာ နူးညံ့စေပါတယ်။
၄။ Eye Cream
Eye Cream အဆင့်ရဲ့ လုပ်ဆောင်မှုကတော့ မျက်လုံးအောက် အသားအရေ ညိုခြင်း၊ အရေးအကြောင်းပေါ်ခြင်းနဲ့ အစက်အပြောက်တွေကို လျော့ပါးစေခြင်းပါ။
၅။ Moisturizer
Moisturizer က မျက်နှာအတွက် မဖြစ်မနေ လိုအပ်တဲ့ အဆင့်ပါ။ ဒီအဆင့်က အသားအရေ ပြဿနာ တော်တော်များများကို လျော့ကျစေပါတယ်။ အရေးအကြောင်း သက်သာစေပြီး အသားအရေ နုပျိုစေနိုင်ပါတယ်။
၆။ Sunscreen
နောက်ဆုံးအဆင့်အနေနဲ့ Sunscreen ကို လိမ်းပေးရပါမယ်။ Sunscreen က မျက်နှာကို UV Ray မထိအောင် ကာကွယ်နိုင်ပါတယ်။ နေလောင်ခြင်း၊ မျက်နှာယောင်ယမ်းခြင်းနဲ့ နီမြန်းခြင်းကို တားဆီးပေးပါတယ်။
၇။ Diet
သင်က အပေါ်က အချက်တွေအတိုင်း Skincare သင့်သလိုပဲ သင့်ရဲ့ စားသောက်ပုံကလည်း အရေးပါနေပြန်ပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar