နှုတ်ခမ်းအတွက်ရော ပါးနီအတွက်ရော သုံးလို့ရတဲ့ အကောင်းဆုံး Lip & Cheek Tints (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ပါးနီတစ်မျိုးတည်း သုံးလို့ရတာမျိုး မလိုချင်တဲ့သူတွေအတွက်လည်း အဆင်ပြေသလို သိပ်ပြီး အလှပြင်လေ့မရှိတဲ့သူဆိုလည်း တစ်မျိုးဝယ်ထားရင် နှစ်နေရာသုံးလို့ရတော့ အရမ်းအဆင်ပြေပါတယ်။
Milk Makeup Lip + Cheek Cream Blush Stick
Blend ရလွယ်ကူပြီး ရွေးချယ်စရာအရောင်ကလည်း ၁၁ ရောင်တောင်ရှိတာကြောင့် ပါးနီအတွက်ရော နှုတ်ခမ်းနီအတွက် အရမ်းအဆင်ပြေပါတယ်။ Long Lasting ဖြစ်ပြီး နှုတ်ခမ်းအတွက်ဆိုလည်း စေးကပ်မှုမရှိပါဘူး။ ဒါကြောင့်လည်း လူကြိုက်များနေတာပါ။
af94 Playdate Multi Use Lip and Cheek Tint
Best Drugstore အဖြစ်နဲ့ သတ်မှတ်ခံထားရတာပါ။ သုံးရတာ Lightweight ဖြစ်ပြီး ရွေးချယ်စရာအရောင်ကလည်း ၅ ရောင်ရှိပါတယ်။ သူလည်း Glow Finish Look လေးရစေပါတယ်။
Merit Beauty Flush Balm Cheek Color
သေးသေးလေးမို့ နေရာမရွေးသယ်သွားလို့ အဆင်ပြေပြီး သုံးရတာလည်း အရမ်းအဆင်ပြေပါတယ်။ ရွေးချယ်စရာအရောင် ၉ ရောင်ရှိပါတယ်။ Natural Look လေးရစေတာကြောင့် မိန်းကလေးတိုင်း သဘောကျမှာပါ။
Han Skincare Cosmetics Multistick Cheek and Lip Tint
Skincare Ingredients တွေဖြစ်တဲ့ Coconut Oil, Shea Butter, Argan Oil စတာတွေပါဝင်လို့ အသားအရေကို အစိုဓာတ်ရစေပါတယ်။ အသားခြောက်တဲ့သူတွေအတွက်ဆို ပိုတောင်အဆင်ပြေပါသေးတယ်။ ရွေးချယ်စရာအရောင်က ၈ ရောင်ရှိပြီး သူလည်း Natural Look လေးရစေပါတယ်။
Makeup Revolution Fast Base Blush Stick
Budget ဖြစ်တဲ့ထဲကဆိုရင်တော့ Makeup Revolution Fast Base Blush Stick ကိုသာသုံးပါ။ Glowy Finish ရစေပြီး ရွေးချယ်စရာအရောင်က ၄ ရောင်ရှိပါတယ်။ ပါးနီအတွက်ဆိုလည်း ပြောင်ပြောင်လေးနဲ့ Glow နေပြီး နှုတ်ခမ်းအတွက်ဆိုလည်း စိုစိုပြောင်ပြောင်လေးနဲ့ လှနေမှာပါ။