Victoria Beckham ဟာ သူမရဲ့ အလှတရားတွေကို ဖုံးကွယ်ထားခြင်းမရှိတဲ့ အနုပညာရှင်နည်းနည်းထဲက တစ်ယောက်ပါ။ သူမရဲ့နုပျိုမှုကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက အံ့သြနေကြပါတယ်။ ဒီလိုလှနေတာက Botox လား? မျိုးရိုးဗီဇ လား ? ပလပ်စတစ်ဆာဂျရီလား ?
Victoria Beckham ဟာ ခြေလက်များကို ပျော့ပျောင်းပြီး တောက်ပနေစေဖို့ သဘာဝအဆီများကို အသုံးပြုလေ့ရှိပါတယ်။ အဆီက အသားအရေကို ချောမွေ့နူးညံ့စေပြီး တောက်ပနေစေတာကြောင့် အရေပြားစိုစွတ်နေတဲ့ ရေချိုးပြီးချိန်တွေမှာ အသုံးပြုပေးသင့်ပါတယ်။
ကော်ဇောနီပေါ်မှာရော နေ့စဥ်ဘဝတွေမှာရော မိတ်ကပ်လိမ်းထားတဲ့ အသားအရေကို အမြဲတမ်း သဘာဝအတိုင်းဖြစ်နေစေဖို့ Sponge ကို အသုံးပြုလေ့ရှိပါတယ်။
အပြစ်အနာအဆာကင်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ Victoria Beckham ဟာ ကြိုးမဲ့ဆံပင်ဖြောင့်စက်မပါဘဲ ဘယ်ကိုမှ မသွားတတ်ပါဘူး။ ဘာလို့လဲဆိုတော့ နေရာမရွေး အချိန်မရွေး အသုံးပြုနိုင်အောင်လို့ပါ။
Victoria Beckham ဟာ မနက်ရော ညရော သုံးတဲ့ Moisturizer က အတူတူပါပဲ။
Victoria Beckham ဟာအသားအရေကို အတွင်းပိုင်းရော အပြင်မှာပါ အာဟာရဖြည့်ပေးဖို့အတွက် အိုမီဂါ-၃ ငါးဆီ ကို ပုံမှန်စားသုံးလေ့ရှိပါတယ်။
အသားအရေ ကျန်းမာ၊ နုပျိုပြီး ပျော့ပျောင်းနေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူမသိတဲ့အတွက် Light Therapy ကိုလည်း သူမလုပ်လေ့ရှိပါတယ်။
Victoria Beckham ဘယ်တော့မှမမေ့တာတစ်ခုက သူမရဲ့ မျက်လုံးတွေပါပဲ။ မိတ်ကပ်မလိမ်းမီ အသားအရေကောင်းမွန်စေဖို့ အမြဲတမ်း Eye Mask ကို သုံးလေ့ရှိပါတယ်။