ဘောလိဝုဒ်ရုပ်ရှင်နဲ့ ဖက်ရှင်နယ်ပယ်နှစ်ခုလုံးကို ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ မျက်လုံးအလှနဲ့လွှမ်းမိုးနိုင်သူက Sobhita Dhulipala ပါ။ ဒီလိုဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှအတွက် သူမအမြဲတမ်းအသုံးပြလေ့ရှိတဲ့ အလှတရားလျှို့ဝှက်ချက်တွေက အိမ်တွင်းကုထုံးတွေပါ။

ဒါကြောင့် Sobhita Dhulipala ရဲ့ အလှအပဆိုင်ရာ အကြံပြုချက်များ၊ သူမရဲ့ တောက်ပတဲ့ အသားအရေရဲ့ လျှို့ဝှက်ချက်များနဲ့ အသားအရေ ထိန်းသိမ်းမှုတွေကို ဝေမျှလိုက်ပါတယ်နော်။

Sobhita Dhulipala က ညတိုင်းမှာ မိတ်ကပ်အားလုံးကို ဖျက်ပြီးတိုင်း ရေနွေးနဲ့ ရေချိုးလေ့ရှိပါတယ်။ တခုသတိထားရမှာက ပူလွန်းတဲ့ရေနွေးက အသားအရေကိုပျက်စီးစေတာမလို့ မျက်နှာကိုတိုက်ရိုက်မ ထိအောင်တော့ သတိထားသင့်ပါတယ်။

Sobhita Dhulipala က မျက်နှာ Exfoliation လုပ်တဲ့အခါ Besan ကို အပျော့စား Exfoliator အနေနဲ့ သုံးပါတယ်။

မျက်နှာအတွက် Face masks သုံးတဲ့အခါ အသီးအနှံများကို သုံးလေ့ရှိပါတယ်။

Coconut oil ၊ Shea butter or Cocoa butter or ပျားဖယောင်းတို့နဲ့ရောစပ်ထားတဲ့ Coconut oil က သူမအတွက်တော့ အကောင်းဆုံး Lip Balm ပါပဲ။

Sobhita ရဲ့ မျက်ခုံးမွှေးတွေက တကယ်ကိုပဲ ပြီးပြည့်စုံလောက်အောင် လှနေတာပါ။ သူမရဲ့မျက်ခုံးမွှေးများ ထူလာစေဖို့အတွက် အမြဲသုံးတာက ကြက်ဆူဆီပါ။