အသားသိပ်မဖြူရင်တောင်မှ ခြေထောက်လေးတွေ ကြည်ပြီးသန့်နေရင်၊ ဖြူနေရင် အရမ်းကြည့်ကောင်းပါတယ်။ ဒီလို ခြေထောက်လေးတွေ အမြဲဖြူပြီးသန့်နေတာမျိုး ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအရာ ၄ ခုကို မပျင်းမရိနဲ့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်နော်။

ရေချိုးတိုင်းခြေထောက်တိုက်ပါ

ရေချိုးတိုင်းမှာ ခြေထောက်ကို လက်နဲ့ဂျေးတွန်းပြီး ခြေထောက်တိုက်တဲ့ Brush နဲ့ သေချာတိုက်ပေးပါ။ တစ်လလောက်သာ နေ့တိုင်းလုပ်သွားကြည့်ပါ။ မဖြူလာရင်တောင်မှ အရင်ထက်ပိုပြီး ခြေထောက်လေးတွေ သန့်လာတာကို တွေ့ရပါလိမ့်မယ်။ နေ့တိုင်းစွဲပြီးလုပ်သွားရင်တော့ ခြေထောက်ဖြူလာမှာပါ။

Lotion လိမ်းပါ

ရေချိုးပြီးတိုင်းမှာ ခြေထောက်ကိုလည်း Lotion သေချာလိမ်းပေးပါ။ နောက်ထပ် ညအိပ်ယာဝင်ခါနီးမှာလည်း ရေမချိုးရင်တောင်မှ ခြေထောက်ကိုတိုက်ပြီး Lotion ထပ်လိမ်းပေးပါ။ ဒီလိုသာ ပုံမှန်လုပ်သွားပေးရင် ခြေထောက်က လပိုင်းအတွင်းမှာ သိသိသာသာကို သန့်ပြီးကြည်လာတာ၊ အရင်ထက်ပိုပြီး အသားအရေက Bright ဖြစ်လာတာ၊ ဖြူလာတာကို တွေ့ရပါလိမ့်မယ်။

Scrub တိုက်ပါ

Body scrub လုပ်တိုင်းမှာ ခြေထောက်ကိုလည်း သေချာတိုက်ဖို့လိုပါတယ်။ ခြေဖမိုး၊ ခြေဖနောင့်၊ ခြေချောင်းလေးတွေကို သေချာတိုက်ပါ။ တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရင် ဂျေးတွေပြောင်ပြီး Dead Cells တွေကိုလည်း ဖယ်ရှားပေးတဲ့အတွက် အသားအရေကြည်ပြီး ဖြူလာမယ်၊ ဖိနပ်သဲကြိုးရာတွေလည်း ပျောက်လာပါမယ်။

Foot Cleansing (သို့) ပေါင်းတင်ပါ

ခြေထောက်အရမ်းဖြူချင်တာဆိုရင်တော့ အပေါ်က ၃ ချက်ထဲမလုပ်ပါနဲ့။ တစ်လတစ်ခါ၊ နှစ်ခါလောက် ဆိုင်မှာ Foot Cleansing လုပ်ပေးတာမျိုး၊ ပေါင်းတင်ပေးတာမျိုး လုပ်ပေးပါ။ ဒါဆိုရင်တော့ ခြေထောက်လေးတွေက ဘယ်အချိန်ကြည့်ကြည့် သန့်ပြီးဖြူနေမှာ၊ လှပနေမှာ သေချာပါတယ်။