မင်္ဂလာပါ… ပျိုမဒီတို့ရေ… မွဲခြောက်နေတဲ့အသားအရေကို ငြီးငွေ့နေပြီလား? ကြည်လင်ဝင်းပတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်နေပြီလား ? စိတ်ညစ်မနေပါနဲ့ ။ တောက်ပတဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့ Homemade Scrubs နဲ့ ဖြေရှင်းလို့ရပါတယ်။
Homemade Scrubs နဲ့ မျက်နှာကို ညင်ညင်သာသာ ပွတ်တိုက်ပေးရင် ဆဲလ်သေတွေကို ဖယ်ရှားပေးရုံသာမက အညစ်အကြေးများနဲ့ အမဲစက်များကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။ Homemade Scrubs တွေက လုပ်ရလွယ်ကူပြီး တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အသုံးပြုပေးရင် တကယ်ထိရောက်ပါတယ်။
Baking Soda Scrub
ဝက်ခြံကင်းစင်စေဖို့ ကူညီပေးတဲ့ Baking Soda Scrub က အသားအရေကို တောက်ပစေဖို့အတွက် အရိုးရှင်းဆုံး အိမ်လုပ် Scrub တွေထဲက တစ်ခုပါ။ မျက်နှာကို သစ်ပြီး မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တဇွန်းကို မျက်နှာအနှံ့ ညင်သာစွာ စက်ဝိုင်းပုံ ပွတ်ပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
Oatmeal Scrub
ရောင်ယမ်းမှုကိုသက်သာစေတဲ့ Oatmeal က ဘယ်အသားအရေအမျိုးအစားတိုင်းအတွက်မဆို အသုံးပြုလို့ရပါတယ်။ Oatmeal တစ်ဇွန်းကို ပျားရည်နည်းနည်းထည့်ပြီး မျက်နှာကို ညင်သာစွာပွတ်ပေးပါ။ ခြောက်အောင်ထားပြီးမှ ရေဆေးချလိုက်ပါ။
Sugar Scrub
အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွေ့စေတဲ့ သကြားက အမည်းစက်များနဲ့ တခြားအညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်လည်း ထိရောက်မှုရှိပါတယ်။ သကြားတစ်ဇွန်း (အညိုရောင်အော်ဂဲနစ်သကြားဆိုလျှင် ပိုကောင်း) ကို အုန်းသီး သို့မဟုတ် သံလွင်ဆီ အနည်းငယ်ထည့်ပြီး မျက်နှာကို ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
Banana Scrub
ငှက်ပျောသီးဟာ ဗီတာမင်စီ၊ ဗီတာမင် E နှင့် ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ ငှက်ပျောသီးရဲ့ အကောင်းဆုံးအချက်ကတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိပြီး အရေးအကြောင်းတွေကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တာဘဲ။ ငှက်ပျောသီးအသေးတစ်လုံးကို ကြိတ်ချေပြီး Oatmeal တစ်ဇွန်းထည့်ပါ။ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် အခြောက်ခံပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။