မိန်းကလေးတွေအတွက် မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်း လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တဲ့အခါမှာ ပို့စ်အနေအထားက ပိုပြီးအဓိကကျပါတယ်။ ဒါကြောင့် လှပတဲ့ပုံကောင်းလေးတွေ ရလာဖို့အတွက် ဒီပို့စ်အိုင်ဒီယာလေးတွေကို အသုံးချကြည့်လိုက်နော်။

Cute Type ဖြစ်တဲ့ ဂါဝန်လေးတွေ၊ စကပ်အတိုလေးတွေ ဝတ်ထားတဲ့အခါမှာတော့ ဒီလိုလေး ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

အထာကျကျလေး ဝတ်ထားတဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အရပ်လည်းပိုရှည်သလို ဖြစ်သွားပြီး အထာကျကျနဲ့ မိုက်ပါတယ်။

ဓာတ်ပုံရိုက်ရင် လက်နှစ်ဖက်ဘယ်နားထားရမှန်း မသိဘူးဆိုတဲ့သူတွေက ဒီပုံလေးအတိုင်း ပို့စ်ပေးရိုက်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ကမ်းခြေသွားတဲ့အခါ ရေကူးဝတ်စုံလှလှလေးနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှသလို ခြေတံလည်းပိုရှည်သလို ဖြစ်စေပါတယ်။

ပို့စ်သိပ်မလုပ်တတ်ရင် ခြေထောက်အနေအထားကိုပဲ ပုံထဲကအတိုင်းလေးလုပ်ပြီး ဆံပင်သပ်နေတဲ့ပုံစံလေးနဲ့ ပို့စ်ပေးကြည့်နော်။

ကားနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက အထာကျပြီး အရမ်းမိုက်ပါတယ်။

ခြေထောက်တစ်ဖက်မြှောက်တဲ့ ဒီလိုပို့စ်လေးတွေကျတော့ ချစ်ဖို့ကောင်းပါတယ်။

ပို့စ်သိပ်မလုပ်တတ်ရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ Smart ကျပြီးလှပါတယ်။

ဘေးမှာ လက်တင်စရာဘောင်လေးရှိရင်တော့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ရိုးရိုးလေးနဲ့ လှပပြီး ချစ်ဖို့ကောင်းပါတယ်။

ဆွဲဆောင်မှုရှိပြီးလှတဲ့ပုံစံလေး ရိုက်ချင်ရင်တော့ ဒီပို့စ်လေးကို Try ကြည့်ပါ။