ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေ Try ကြည့်သင့်တဲ့ GRWM Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Look လေးဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်မှာ သေချာပါတယ်။

အရင်ဆုံး Skincare လိမ်းပြီး ကိုယ်လိမ်းနေကျ Foundation (သို့) Cushion လိမ်းပေးပါ။

ပုံမှာထပ်လိမ်းပြထားတဲ့နေရာလေးတွေကို Concealer လိမ်းတာ (သို့) Cushion ကိုပဲ နောက်တစ်ထပ် ထပ်လိမ်းတာမျိုး လုပ်ပေးပါ။

Contouring အသားရောင်လေးနဲ့ နှာတံဖော်ပြီး မေးရိုးနည်းနည်းချပေးပါ။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို အမဲရောင်မသုံးပါနဲ့။

မျက်လုံးစခြယ်ဖို့အတွက် Eyeshadow ပန်းရောင်လေးကို မျက်ခွံနဲ့ မျက်လုံးအောက်နားကို ခြယ်ပါမယ်။

ပန်းရောင်ထက် နည်းနည်းပိုရင့်တဲ့ Eyeshadow အရောင်ကို မျက်ခွံတစ်ဝက်လောက် ထပ်ခြယ်ပါမယ်။

Eyeliner အညိုရောင်ကိုသုံးပြီး ပုံမှာဆွဲပြထားသလို ပါးပါးလေးဆွဲပါမယ်။

ခုနကခြယ်တဲ့ ပန်းရောင်ထက် နည်းနည်းပိုရင့်တဲ့ Eyeshadow အရောင်ကိုယူပြီး မျက်လုံးအောက်နားမှာ ထပ်ခြယ်ပါမယ်။

ငွေရောင် Glitter Eyeshadow Gel Type လေးနဲ့ မျက်လုံးအောက်နား အရှေ့ဘက်လေးကို ခြယ်ပါမယ်။

ပန်းရောင် (သို့) Rose Gold အရောင်ဖြစ်တဲ့ Liquid Glitter Eyeshadow ကိုယူပြီး မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ ဒါမှ စိုစိုပြောင်ပြောင်လေးနဲ့ ပိုလှသွားမှာပါ။

မျက်လုံးအောက်နားလေးကိုလည်း ထပ်ခြယ်ပါမယ်။

Mascara နဲ့မျက်တောင်ကော့ပြီး GRWM Look အတိုင်းဖြစ်အောင်လို့ မျက်တောင်တုလည်း တပ်ပါမယ်။

ပါးနီကိုတော့ လိမ္မော်ဘက်သွားတဲ့အရောင်လေး ခြယ်ပါမယ်။ ပြီးရင် ပန်းရောင်ဖျော့ဖျော့လေး ထပ်ခြယ်ပါအုံးမယ်။

Lip Gloss အရောင်ဖျော့တာလေးဆိုးပါမယ်။

Highlighter ကိုတော့ ရွှေရောင်ဘက်သွားတဲ့ အရောင်လေးသုံးပါမယ်။ နှာတံကို လိမ်းပေးပြီး တခြား ကိုယ်ထပ် Glow ချင်တဲ့နေရာကိုလည်း သုံးပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရမ်းလှသလို လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းတဲ့ GRWM Makeup Look လေးကို ရရှိသွားပါပြီ။