Stress ရှိနေရင် စိတ်ရောကိုယ်ပါ ပင်ပန်းရတာကြောင့် ဒီ Stress တွေ၊ စိတ်ဖိစီးမှုတွေကို ပျောက်အောင်လုပ်ဖို့ လိုပါတယ်။ အိပ်ယာထဲပဲလူးလိမ့်နေရင်၊ ထိုင်စဉ်းစားပြီး တွေးနေရင်တော့ Stress တွေပိုများလာပြီး စိတ်ဓာတ်ကျချင်သလိုတွေပါ ဖြစ်လာပါမယ်။ ဒါကြောင့် Stress မရှိတဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့အတွက် သင့်အနေနဲ့ လုပ်ပေးလို့ရတဲ့အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။
Workout လုပ်ပါ
Workout လုပ်နေချိန်ဆိုရင် အာရုံစုစည်းပြီး သေချာလုပ်နိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ Workout လုပ်ပြီးရင်လည်း ချွေးပုပ်တွေထွက်သွားတဲ့အတွက် ခန္ဓာကိုယ်က ပေါ့ပါးပြီး နေလို့ကောင်းသွားစေပါတယ်။
Activity တစ်ခုခုလုပ်ပါ
ရေကူးတာ၊ ပြေးတာ၊ ဘက်စကက်ဘောကစားတာ စသဖြင့် ကိုယ်ဝါသနာပါတဲ့ Activity တစ်ခုခုလုပ်တာကို ကိုယ့်တစ်နေ့တာထဲမှာ ထည့်လိုက်တာကလည်း Stress တွေလျော့ကျစေမယ့် အရာတွေထဲက တစ်ခုပါပဲ။
တရားထိုင်ပါ
တရားထိုင်ပေးခြင်းက စိတ်ဖိစီးမှုတွေ Stress တွေ လျော့ကျစေတဲ့အပြင် စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်လည်းကြည်စေတဲ့အတွက် ဒီလိုစိတ်ဖိစီးမှုများနေချိန်၊ စိတ်ညစ်စရာတွေများနေချိန်မှ မဟုတ်ပါဘူး။ နေ့တိုင်းထိုင်ပေးနိုင်ရင် ကိုယ့်အတွက်တောင် ပိုကောင်းပါသေးတယ်။
သီချင်းနားထောင်ပါ
သီချင်းနားထောင်တာက စိတ်ပျော်ရွှင်ကြည်နူးမှုရစေသလို စိတ်ကိုလည်း Relax ဖြစ်စေတဲ့အတွက် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပေးပါ။ Stress တွေလည်း လျော့ကျစေပါတယ်။
ရုပ်ရှင်ကြည့်ပါ
စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တွေ၊ ဟာသတွေကို ကြည့်ပေးတာကလည်း Stress တွေလျော့ကျစေပြီး စိတ်ပေါ့ပါးစေပါတယ်။ အပျင်းလည်းပြေစေပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးပျက်တာတွေများလာရင် စိတ်ဖိစီးမှုတွေ Stress တွေက ပိုဆိုးလာနိုင်ပါတယ်။ နောက်ကျမှ အိပ်တာကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းအရေးကြီးပါတယ်။