ဓာတ်ပုံရိုက်ရတာ Crazy ဖြစ်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဓာတ်ပုံတစ်ခါရိုက်တိုင်းမှာ Pose မထပ်စေဖို့ Pose Idea လှလှလေးတွေ၊ အသစ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီပုံလေးအတိုင်း Pose ပေးရိုက်မယ်ဆိုရင် Filter လှလှလေးနဲ့ ပြန်ပြင်ရင် ပိုလှမှာပါ။
ကားပေါ်မှာထိုင်ရိုက်တဲ့အခါ အရုပ်လေးပိုက်ပြီး ဒီလိုလေး Pose ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ဒါကတော့ ဘယ်တော့မှရိုးမသွားပဲ Pose ပေးရတာလည်း လွယ်ကူတဲ့ Pose Idea လေးပါ။
ချစ်ဖို့ကောင်းတဲ့ထိုင်ပုံလေးနဲ့ Pose လေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ဖက်နေမယ့် Pose လေးပါပဲ။
လမ်းမမှာရိုက်တဲ့အခါ ဒီလိုလေးထိုင်ပြီး Pose ပေးကြည့်ပါ။ မျက်စိမှိတ်ပြီး ပြုံးနေတဲ့ပုံစံလေးလုပ်ပါ။ ဒါမှ Happy Vibe လေးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းနေမှာပါ။
ဆွဲဆောင်မှုရှိတဲ့ပုံလေးရိုက်ချင်ရင်တော့ ဒီပုံလေးအတိုင်း Pose ပေးရိုက်ကြည့်ပါ။
ဒီပုံလေးမှာဆိုရင်တော့ ထိုင်တဲ့ပုံလေးက အသက်ပါပဲ။ ရိုက်ပေးတဲ့သူကလည်း သေချာရိုက်တတ်မှ Perfect ဖြစ်တဲ့ ပုံကောင်းလေးထွက်မှာမို့ သေချာလေးရိုက်ကြည့်နော်။
Lighting ကောင်းတဲ့နေရာမှာထိုင်ပြီး အအေးဘူးကိုင်ကာ ဒီလိုလေးမျက်နှာကို နည်းနည်းမော့ပြီး Pose ပေးကြည့်ပါ။
ရယ်နေတဲ့ပုံစံလေးနဲ့ ဒီလိုလေး Pose ပေးရိုက်ကြည်ပါ။ Lighting ကောင်းတဲ့နေရာလေးမှာရိုက်လေ ပုံကောင်းပိုထွက်လေပါပဲ။
တစ်နေရာရာမှာ ထိုင်ရိုက်တဲ့အခါ ဒီလိုလေးထိုင်ပြီး ရိုက်ကြည့်ပါ။ ဆံပင်လေးစည်းထားရင်တော့ ပိုပြီး ချစ်ဖို့ကောင်းနေမှာပါ။ လက်အနေအထားကို သေချာလေးထားပြီး မျက်နှာက ပြုံးရယ်ပြီးနေပေးပါ။
ထိုင်ပြီးရိုက်တဲ့အခါမှာ ဒီလိုလေးလည်း ဆွဲဆောင်မှုရှိရှိနဲ့ ချစ်ဖို့ကောင်းအောင် ရိုက်လို့ရပါသေးတယ်။
ဘေးနားမှာ တိုင် (သို့) နံရံရှိရင် ဒီလိုလေးသာ Pose ပေးပြီးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှပါတယ်။
Photo source:www.pinterest.com