Makeup Look လှပြီး Waterproof လည်းဖြစ်တဲ့ အကောင်းဆုံး Foundation တွေကို မျှဝေပေးလိုက်ပါတယ်။ မိုးရာသီမှာ Makeup ပြင်တဲ့အခါမှာလည်း လိမ်းထားတာ ကြာရှည်ခံပြီး တစ်နေကုန်လှပနေစေဖို့အတွက် Waterproof Foundation တွေသုံးတာတော့ အကောင်းဆုံးပါပဲ။
Charlotte Tilbury Airbrush Flawless Foundation
လူကြိုက်အရမ်းများပြီး နာမည်ကြီးတဲ့ Foundation ဖြစ်ပါတယ်။ Waterproof ဖြစ်တဲ့အပြင် Full Coverage ပေးနိုင်ပြီး Natural Matte Look လေးရစေပါတယ်။ ရွေးချယ်စရာ Shades 44 မျိုးတောင်ရှိလို့ ကိုယ့်အသားအရောင်နဲ့ အဆင်ပြေတာကို စိတ်ကြိုက်ရွေးရုံပဲနော်။
MAC Cosmetics Studio Face & Body Foundation
Waterproof ဖြစ်တဲ့အပြင် Long-lasting လည်းဖြစ်တာကြောင့် အရမ်းအဆင်ပြေတဲ့ Foundation ပါပဲ။ ဒါ့အပြင် အသားအရေကိုပါ Hydrating ပေးပြီး Natural Dewy Look လေးရစေပါတယ်။ ရွေးချယ်စရာ Shades ကတော့ 13 မျိုးရှိပါတယ်။
L’Oréal Paris Infallible 24-Hour Fresh Wear Foundation
ဈေးအရမ်းများတာမသုံးချင်ဘူး ဈေးသက်သာပြီး ကောင်းတာလေး သုံးချင်တယ်ဆိုရင်တော့ Drugstore ထဲက L’Oréal Paris Infallible 24-Hour Fresh Wear Foundation ရှိပါတယ်။ Waterproof ဖြစ်တဲ့အပြင် Long-lasting လည်းသလို၊ Coverage ကလည်း Medium to Full Coverage ရစေပါတယ်။ Natural Look ရစေပြီး ရွေးချယ်စရာ Shades ကလည်း 40 ရှိပါတယ်။
IT Cosmetics CC+ Cream Oil-Free Matte with SPF 40
မိုးရာသီမှာ Waterproof ဖြစ်တာသုံးချင်တယ် SPF ပါပြီးသားဖြစ်တာမျိုးလည်း သုံးချင်တယ်ဆိုရင်တော့ ဒီ IT Cosmetics CC+ Cream Oil-Free Matte ကိုသာသုံးပါ။ SPF 40 ပါပြီး Hydrating လည်းဖြစ်စေသလို Full Coverage လည်းရစေပါတယ်။ ရွေးချယ်စရာ Shades 12 မျိုးရှိပြီး Natural Matte Look ရစေပါတယ်။
Dior Backstage Face & Body Foundation
Waterproof, Sweat-resistant ဖြစ်တဲ့အပြင် လိမ်းရတာလည်း Lightweight ဖြစ်ပြီး Blend ရလွယ်ကူပါတယ်။ Natural Look လေးရစေပြီး Makeup သားလည်းလှပါတယ်။ ရွေးချယ်စရာ Shades ကလည်း 40 တောင်ရှိတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။