ဆံပင်စည်းတာက သင့်ရဲ့ ပုံမှန်စတိုင် ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ရာသီဥတု ကြောင့်ပဲဖြစ်ဖြစ်၊ သင့်ရဲ့ Lifestyle ကြောင့်ပဲ ဖြစ်ဖြစ် သင်က ဆံပင်ချထားရတာကို မကြိုက်ရင် အချိန်တိုင်း ဆံပင်စည်းပြီးနေတာ များပါလိမ့်မယ်။ ဒီလို ဆံပင်စည်းထားတာကိုမှ ပိုလှအောင် ဖန်တီးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီတော့ ဆံပင်စည်းတာကိုမှ အမျိုးမျိုး ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ပန်းထည့်စည်းပါ

ရာသီအလိုက် ပွင့်တတ်တဲ့ ပန်းတွေကို သင်က နှစ်သက်သူ ဆိုရင် သင်ဆံပင်စည်းထားတဲ့အခါ ထည့်စည်းနိုင်ပါတယ်။ ဒီလို ပန်းထည့်စည်းတာက Picnic ထွက်တဲ့အခါ အင်မတန် လိုက်မယ့် စတိုင် ဖြစ်ပါတယ်။

၂။ သင့်ဆံပင်ကို သုံးပြီး စည်းပါ

ဒီနည်းလမ်းကို Kpop Idol တွေ အလုပ်များပါတယ်။ ဆံပင်စည်းပြီးတာနဲ့ ဆံပင်အနည်းငယ်ကို ယူကာ ခေါင်းစည်းကြိုး ပုံစံ စည်းရမှာပါ။ ဒီလို စည်းတာက သင့်ကို ပိုထူးခြားစေမှာ မလွဲမသွေပါပဲ။

၃။ Scarf လေးနဲ့ စည်းပါ

သင့် ဆံပင်ကို အရောင်လေးတွေ ထပ်ထည့်ချင်ရင် Scarf လေး ထည့်စည်းနိုင်ပါတယ်။ Scarf အတိုက ဆံပင်စည်းတဲ့အခါ ပိုအဆင်ပြေပါလိမ့်မယ်။

၄။ ဖဲပြားထည့်စည်းပါ

ဖဲပြားအကြီးကြီး ဖြစ်စရာ မလိုပါဘူး။ ဖဲပြားကြိုး ပါးပါးလေးနဲ့ စည်းတာက ဆံပင်စည်းတဲ့အချိန် သင့်ဆံပင်ကို Unique ဖြစ်စေပါလိမ့်မယ်။

၅။ ခေါင်းပတ် ပတ်ပါ

သင်က Gym သွားတာ၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး ဈေးဝယ်ထွက်တဲ့အချိန် ဆံပင်စည်းပြီးနောက် အပေါ်ကနေ ခေါင်းပတ် ပတ်ချနိုင်ပါတယ်။ သင့်အင်္ကျီနဲ့ အရောင်တူတဲ့ ခေါင်းပတ်သာ ရွေးပါ။ လှဖို့ အာမခံပါတယ်။

၆။ ချောင်ချောင်လေး စည်းပါ

သင်က ဆံပင်စည်းတဲ့အခါ တင်းတင်းကျပ်ကျပ်ကြီး မစည်းဘဲ ကပိုကယို ချောင်ချောင်လေး စည်းမယ်ဆိုရင် ဆံပင်ပွပွလေးနဲ့ ကြည့်ကောင်းနေဦးမှာပါ။

၇။ ကလစ်လေးတွေ ထည့်ပါ

ဆံပင်စည်းပြီးနောက် ကလစ်ထည့်ညှပ်တာက သင့်ဆံပင်စတိုင်ကို ထူးခြားစေမှာ မလွဲမသွေပါပဲ။

Source: Allwomenstalk

By MyStyle Myanmar