သူ့ကို တစ်ပတ်အတွင်း မေ့နိုင်ဖို့ နည်းလမ်းတွေကို ရှာနေလား။ အသည်းကွဲရင် ရလာတဲ့ ခံစားချက်က ဘယ်လိုမှ နေလို့မကောင်းတာကို အသည်းကွဲဖူးသူတိုင်း သိပါတယ်။

တချို့တွေဆိုရင် အသည်းကွဲတဲ့ ဒဏ်ရာကို သက်သာဖို့ လပေါင်းများစွာ နှစ်ပေါင်းများစွာ အချိန်ယူရတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ဒီလိုမဟုတ်တော့ပါဘူး။ ၇ ရက်အတွင်း ခံစားရတာတွေ သက်သာမယ့် နည်းလမ်းပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

တနင်္လာနေ့- ငိုပစ်ပါ

ဒီတစ်ရက်လောက်ပဲ ငိုမယ်ဆိုတဲ့ အတွေးမျိုးနဲ့ သူနဲ့ အရင်က အမှတ်တရတွေ တွေးပြီး ငိုပစ်ပါ။ သူနဲ့ ဓာတ်ပုံဟောင်းတွေ ကြည့်ရင်း မျက်ရည်ကို ကျနိုင်တဲ့အထိ ကျပစ်လိုက်ပါ။ သင့်မှာ ဒီလိုငိုဖို့ ၂၄ နာရီပဲ အချိန်ရှိပါတယ်။ ဒီတော့ ပထမဆုံးနေ့မှာ ဝအောင် ငိုပစ်လိုက်ပါ။

အင်္ဂါနေ့- ဒေါသထွက်ပါ၊ တွေဝေပစ်ပါ

ငိုပြီးရင်တော့ နောက်နေ့မှာ သင် ဒေါသတွေ ဖြစ်လာပါလိမ့်မယ်။ ငါက ဘာမှားနေလို့ ထားခဲ့ရတာလဲ၊ ငါ့လို လူကို သူက ဘာလို့ ဒီလို လုပ်နိုင်ရက်တာလဲဆိုတဲ့ ဒေါသတွေ ရလာပါလိမ့်မယ်။ သင်က ဒီနေ့မှာ အော်ဟစ်သောင်းကျန်းပစ်ဖို့ တာဝန်ကျပါတယ်။ လုံးဝ ငိုတာမျိုးတော့ မလုပ်ရပါဘူး။

ဗုဒ္ဓဟူးနေ့- ခွန်အားပြန်ယူပါ

ဒေါသထွက်တာတွေ၊ ငိုတာတွေ ပြီးသွားပြီဆိုတော့ တတိယမြောက်နေ့မှာ ခွန်အား ပြန်ယူရပါမယ်။ သင့်ဆီမှာ ခွန်အား လုံးဝမရှိတာသိပေမယ့် ချက်ချင်း ထပြီး လုပ်စရာရှိတာ လုပ်ပစ်ပါ။

သင်မလုပ်ဖူးတဲ့ အားကစားနည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။ ရေကူးသင်တာ၊ Gym သွားဆော့တာ၊ ကိုယ်စားချင်တာတွေ မှာစားပစ်တာတွေ လုပ်နိုင်ပါတယ်။

ကြာသပတေးနေ့- Spa နေ့

ကံဆိုးတဲ့နေ့တွေ ပြီးသွားတဲ့နောက်မှာ သင့်ကိုယ်သင် ပြုစုဖို့ အချိန်ကျလာပါပြီ။ Beauty Salon ကိုသွားပြီး လက်သည်းလုပ်တာ၊ အသားအရေ Skin Care တာ စတာတွေ ဒီနေ့မှာ လုပ်ပစ်ရပါမယ်။ သူ့အကြောင်းတွေးပြီး ဝမ်းနည်းဖို့ အချိန်မပေးဖို့ သင့်ကိုယ်သင် သတိပေးနေရပါမယ်။

သောကြာနေ့- ဝါသနာပါတာတွေ လုပ်မယ့်အချိန် ရောက်ပြီ

ငါးရက်မြောက်နေ့မှာတော့ သင်တော်တော် နေသာနေပါပြီ။ ဒီနေ့မှာ လုပ်ပေးရမှာကတော့ ကိုယ် လုပ်မယ်လို့ တွေးထားပြီး မလုပ်ဖြစ်တာတွေကို စလုပ်ရပါမယ်။ အရင်က ဝါသနာပါခဲ့ပေမယ့် အကောင်အထည် မဖော်ဖြစ်တာတွေကို ဒီနေ့မှာ အကောင်အထည် ဖော်ပေးရပါမယ်။

စနေနေ့- ကြူပါ၊ အီစီကလီလုပ်ပါ

ဒီလို ကြူနိုင်ဖို့ သင့်သူငယ်ချင်းတွေကို ခေါ်ပြီး အေးအေးဆေးဆေး Bar တစ်ခုခုမှာ ထိုင်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေ ရဲ့ နီးစပ်ရာ အသိ မိတ်ဆွေတွေကို ခေါ်လာနိုင်ပြီး ဒီထဲ သင်သဘောကျတဲ့သူပါရင် ကြူတာမျိုး လုပ်နိုင်ပါတယ်။ စစချင်းတော့ သင်က Relationship Mode On နေတုန်းမှာမို့ သစ္စာဖောက်တာများ ဖြစ်နေမလားဆိုပြီး ကသိကအောင့် ဖြစ်နေမှာပါ။ ဒါပေမဲ့ သင်က အခု Single ဖြစ်သွားတာ အမှန်ပဲမို့ ကိုယ်လုပ်ချင်တာ လုပ်နိုင်ပါတယ်။

တနင်္ဂနွေ- စိတ်သစ်လူသစ်

သင်က နောက်ဆုံးနေ့ ရောက်လာပြီမို့ တော်တယ်လို့ ပြောရပါမယ်။ အနာဟောင်းဖြစ်သွားပြီမို့ သင်နေသားကျနေပါပြီ။ သူ့အကြောင်းကို သင်က တွေးနေနိုင်တုန်းဖြစ်ပေမယ့် သင့်ဘဝကို စိတ်သစ်လူသစ်နဲ့ ပြန်စသင့်ပါပြီ။ သင် Move On လုပ်ဖို့ အချိန်ရောက်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar