မင်္ဂလာပါ ပျိုမေတို့ရေ။ လက်သည်းနီအရောင်နုနုလေးတွေက လက်ချောင်းလေးတွေကို ပိုဖြူပြီး နုဖတ်သွားစေတဲ့အပြင် ကြည့်လိုက်တာနဲ့ အမြင်အေးပြီး စိတ်ကိုပါလန်းဆန်းစေပါတယ်နော်။ မိန်းကလေးလည်း ပိုဆန်စေတာမို့ ဆိုးကြည့်တာက လုံးဝမမှားပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာ မိန်းကလေးတိုင်း အကြိုက်တွေ့စေမယ့် အရမ်းလှတဲ့ နို့နှစ်ရောင်လက်သည်းဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

စိတ်ကူးယဉ်ဆန်ဆန်၊ Romantic ဆန်ဆန် ကာလာလေးဖြစ်တာမို့ ချစ်သူနဲ့ Date သွားမယ့်အချိန်မျိုးမှာ ဆိုးသွားဖို့ အရမ်းသင့်တော်ပါတယ်။ အရောင်ဆန်းလေးဖြစ်တာမို့ ပုံဖော်လို့လည်းအရမ်းလှသလို ပုံမဖော်ဘဲ နဂိုအရောင်အတိုင်းဆိုးမယ်ဆိုရင်တောင် ရှင်းရှင်းလေးနဲ့ ကြည့်ကောင်းနေမှာပါ။ ဒီတော့ စမ်းဆိုးကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-


Photo Source: Pinterest

By MyStyle Myanmar