အလှကြိုက်တဲ့ မိန်းကလေးတိုင်းရဲ့ အိတ်ထဲမှာ အမြဲထည့်ထားသင့်တဲ့ အလှပြင်ပစ္စည်း ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။ တချို့ဆိုရင် အဲ့ ၄ မျိုးထက်တောင် ပိုထည့်ထားကြမှာပါ။ အနည်းဆုံးတော့ ကိုယ်က အလှကြိုက်တယ်ဆိုရင် ဒီအလှပြင်ပစ္စည်း ၄ မျိုးကိုတော့ မဖြစ်မနေ အိတ်ထဲအမြဲထည့်ထားသင့်ပါတယ်။
နှုတ်ခမ်းနီ
နှုတ်ခမ်းနီကတော့ မိန်းကလေးတိုင်းရဲ့အိတ်ထဲမှာ ဆောင်ထားသင့်တဲ့ အလှပြင်ပစ္စည်း တစ်ခုပါပဲ။ နေမကောင်းဖြစ်နေရင်တောင်မှ၊ မျက်နှာလေး ညှိုးနွမ်းြ့ီး မလန်းမဆန်းဖြစ်နေရင်တောင်မှ နှုတ်ခမ်းနီ အရောင်တောက်တောက်လေးသာ ဆိုးလိုက်ရင် မျက်နှာလေးပြန်လန်းပြီး လှသွားမှာပါ။ အလှကြိုက်ရင် နှုတ်ခမ်းနီ နှစ်ရောင်လောက်သာ ဆောင်ထားပါ။
Setting Powder (သို့) Compact Powder
Setting Powder (သို့) Compact Powder သာ အိတ်ထဲမှာ ထည့်ထားမယ်ဆိုရင် ချွေးထွက်လာလို့ မိတ်ကပ်ပျက်သွားတဲ့အခါ၊ မိတ်ကပ်တွေကွက်လာတဲ့အခါ၊ အချိန်ကြာလို့ မျက်နှာမဲလာတဲ့အခါမှာ ထုတ်လိမ်းလိုက်ရင် လှသွားမှာပါ။ ဒါကြောင့် အလှကြိုက်တယ်ဆိုရင် မဖြစ်မနေ အိတ်ထဲထည့်ထားဖို့ လိုပါမယ်။
ဘီး
အပြင်ထွက်ပြီဆိုတာနဲ့ လေတိုက်တော့ ဆံပင်က ရှုပ်ပွကုန်တာပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပအတွက် ဆံပင်ကလည်း အရေးပါပါတယ်။ ဒါကြောင့် အိတ်ထဲမှာ ဘီးထည့်ထားမယ်ဆိုရင် ဘယ်နေရာရောက်ရောက် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးလို့ရပြီပေါ့။
မှန်
မှန်ဆောင်ထားမှ အလှပြင်တဲ့အခါမှာလည်း အဆင်ပြေမယ်၊ ကိုယ့်မျက်နှာအခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာလည်း အလွယ်တကူ ထုတ်ကြည့်လို့ရမှာပါ။ ဒါကြောင့် အိတ်ဆောင် မှန်အသေးလေးတော့ အိတ်ထည့်ထားသင့်ပါတယ်။ တကယ်လို့ Setting Powder (သို့) Compact Powder မှာ မှန်ပါပြီးသားဆိုရင်တော့ မှန်သပ်သပ်ထပ်မလိုတော့ဘူးပေါ့။